Homeပြည်တွင်းသတင်းမြန်မာလူငယ်တွေ မြန်မာနိုင်ငံထဲမှာ မနေလိုတော့ဟု စစ်တမ်းတရပ်မှာ ဖော်ပြ

မြန်မာလူငယ်တွေ မြန်မာနိုင်ငံထဲမှာ မနေလိုတော့ဟု စစ်တမ်းတရပ်မှာ ဖော်ပြ

၁၂ ဩဂုတ် ၂၀၂၅

မြန်မာလူငယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အခြေအနေပေးတယ်ဆိုရင် မြန်မာနိုင်ငံက ထွက်ခွာပြီး ပြည်ပနိုင်ငံတွေမှာ ပြောင်းရွေ့နေထိုင်လိုတယ်လို့ UNDP ကထုတ်ပြန်တဲ့ Youth Migration and Perceptions in Myanmar အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဩဂုတ်လ ၁၂ ရက် နိုင်ငံတကာလူငယ်များနေ့မှာ ထုတ်ပြန်တဲ့ အဲ့ဒီအစီရင်ခံစာဟာ ၂ဝ၂၄ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ၇ဝဝဝ ကျော်ကို ကောက်ယူရရှိထားတဲ့ အချက်တွေ ကိုဖော်ပြထားပါတယ်။

စီးပွားရေးနဲ့အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုအပြင် ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းတာတွေကြောင့် မြန်မာပညာတတ်လူငယ် တွေက အခွင့်အရေးရရင် ပြည်ပနိုင်ငံမှာ ထွက်ခွာနေထိုင်လိုကြတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အခုချိန်မှာ မြန်မာနိုင်ငံက ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ လူငယ် ၃၀၀၀၀၀ ကနေ ၅၀၀၀၀၀ ကြားသည် နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့လည်းဆိုပါတယ်။ စစ်တမ်းဖြေဆိုကြတဲ့ လူငယ်တွေရဲ့ထက်ဝက်ကျော်လောက်က မြန်မာနိုင်ငံဟာ မှားယွင်းတဲ့ လမ်းပေါ်မှာရှိနေတယ်လို့ယုံကြည်ကြတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာအရ မြန်မာလူငယ်တွေအတွက် ထိုင်းနိုင်င်ဟာ သွားရောက်မှု အများဆုံးနိုင်ငံ ဖြစ်ပြီး လူငယ်တွေရဲ့ ၄၇ ရာခိုင်နှုန်းခန့်က နိုင်ငံကူးလက်မှတ်နဲ့ အခြားလိုအပ်တဲ့ အထောက်အထားတွေ မရှိတာကြောင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်နေကြတယ်လို့ ဆိုပါတယ်။

Related News

Most Read