Homeပြည်တွင်းသတင်းခြံအမှတ် ၅၄ ဝင်းတံခါးရှိ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် စာသား ဖယ်ရှားခံရ

ခြံအမှတ် ၅၄ ဝင်းတံခါးရှိ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် စာသား ဖယ်ရှားခံရ

၁၆ ဇွန် ၂၀၂၆ | New Day Myanmar

ဒေါ်အောင်ဆန်းစုကြည် နေအိမ်လို့ လူသိများတဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ ဝင်းတံခါးမှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနဲ့ စာသားဆိုင်းဘုတ် ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါ ခြံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား အမွေဆိုင်ခြံအဖြစ် တရားရုံးက လေလံတင်ရောင်းချဖို့ ဆုံးဖြတ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

“ခြံံတံခါးမှာ တင်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ “လူထုနဲ့ တိုင်းပြည်မျက်နှာကို ထောက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”ဆိုတဲ့ စာသားလည်းမတွေ့တော့ဘူးလို့ ရန်ကုန်က သတင်းရင်းမြစ်က New Day Myanmar ကိုအတည်ပြုပြောဆိုပါတယ်။

ခြံအမှတ် ၅၄ ရှေ့က ဆိုင်းဘုတ်တွေကို ဘယ်နေ့က ဖယ်ရှားလိုက်တာလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် ပြည်တွင်းသတင်းတချို့မှာတော့ ဇွန်လ ၁၅ ရက် ညပိုင်းက စစ်အုပ်စုလက်အောက်ခံ ရဲနဲ့စစ်သားတွေလာရောက်ဖြုတ်သွားတာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်မှာ ချိတ်ဆွဲထားတဲ့ ပါတီနာမည်နဲ့ ပါတီအမှတ်တံဆိပ်ကိုလည်း ဖယ်ရှားထားတာ တွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး