Homeပြည်တွင်းသတင်းVPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဌာန်း

VPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဌာန်း

၂ ဇန်နဝါရီ ၊ ၂၀၂၅

စစ်ကောင်စီရဲ့ ခွင့်ပြု ချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်းပြဌာန်းလိုက်ပါတယ်။

VPN ထူထောင်တာ၊ ဝန်ဆောင်မှုပေးတာတွေက ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် တစ်လကနေ ခြောက် လဖြစ်စေ၊ ငွေဒဏ်အနေနဲ့ ဆယ်သိန်းကနေ သိန်းတစ်ရာအထိဖြစ်ဖြစ်၊ ထောင်ဒဏ်ရော ငွေဒဏ်ရောပါ ဖြစ်စေချမှတ်ခံရမယ်လို့ ဥပဒေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်သူလူထုကို လူမှုကွန်ရက် Facebook အသုံးပြုခွင့် ပိတ်ပင်ထားတာကြောင့် အင်တာနက် အသုံးပြုသူတွေက VPN ချိတ်ဆက်ပြီး သုံးစွဲနေကြရတာ ဖြစ်သလို အဲ့ဒီအချိန်ကတည်းကစလို့ ဖုန်းထဲမှာ VPN ရှိသူတွေကို ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။။

လကိရှိမှာ ဒီဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုဆောင်ရွက်သူတိုင်း လိုင်စင်လျှောက်ထားရမှာဖြစ်ပြီး အမုန်းတရား၊ မမှန်သတင်း၊ မမှန်သတင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးတာတွေ၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ သတင်း အချက်လက်ဖော်ပြတာတွေ၊ လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်အောင် ရည်ရွယ် တိုင်ကြားချက်တွေ၊ မူပိုင်ခွင့်ချိုးဖောက်တာတွေ၊ အကြမ်းဖက် အားပေးကူညီတာတွေအတွက် သတင်း အချက်အလက် ဆိုက်ဘာအရင်းအမြစ်သိအောင် အစီအမံလုပ်ထားရမယ်လို့လည်း ဥပဒေက ဖော်ပြထား ပါတယ်။

လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် ဒဏ်ငွေတွေအပြင် လိုင်စင်ယာယီရပ်နားတာ ဒါမှမဟုတ် အပြီးတိုင် ရပ်နားတာတွေပါ ခံရမှာဖြစ်ကြောင်းနဲ့ ဒီဥပဒေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ လက်မှတ်ရေးထိုးတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

Related News

Most Read