Homeပြည်တွင်းသတင်းVOA၊ RFA သတင်းဌာနတွေ ပြန်ဖွင့်ဖို့ အမေရိကန်တရားရုံး အဆုံးဖြတ် နဲ့ အစိုးရအယူခံ စောင့်ရမယ်လို့ဆို

VOA၊ RFA သတင်းဌာနတွေ ပြန်ဖွင့်ဖို့ အမေရိကန်တရားရုံး အဆုံးဖြတ် နဲ့ အစိုးရအယူခံ စောင့်ရမယ်လို့ဆို

၂၃ ဧပြီ ၊ ၂၀၂၅

အမေရိကန်အခြေဆိုက် အမေရိကန်အသံ (VOA)သတင်းဌာနဲ့ လွပ်လပ်တဲ့ အာရှအသံ (RFA) စတင်းဌာ အပါအဝင် အမေရိကန်အစိုးရအထောက်အပံ့နဲ့ လည်ပတ်နေတဲ့ အမေရိကန်ကမ္ဘာ့မီဒီယာအေဂျင်စီ (USAGM) အောက်ရှိ မီဒီယာအဖွဲ့အစည်းအချို့ကို မူလအတိုင်း ပြန်လည် လည်ပတ်ဖို့ အမေရိကဖက်ဒရယ် တရားသူကြီး က ဧပြီ ၂၂ ရက်နေ့က အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။

VOA နဲ့ RFA အပါအဝင် အမေရိကန်အစိုးရအထောက်အပံ့နဲ့လည်ပတ်နေတဲ့ မီဒီယာလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေထဲက အချိန်ပိုင်းဝန်ထမ်းတွေကို မတ်လ ၃၀ ရက်က အလုပ်ရပ်နားခဲ့တာလည်း ဖြစ် ပါတယ်။

ထရမ့်ရဲ့အမိန့်ကြောင့် အလုပ်အကိုင်ထိခိုက်သွားတဲ့ သတင်းဌာနတွေက အမြဲတမ်းအချိန်ပြည့်ဝန်ထမ်းတွေနဲ့ ကန်ထရိုက်ဝန်ထမ်းတွေကတော့ USAGM ဌာနကို တရားစွဲဆိုမှု ခြောက်ခုပြုထားပါတယ်။

ဒီလိုတရားစွဲဆိုမှုတွေ ကို လက်ခံသုံးသပ်ပေးနေတဲ့ အမေရိကန်တရားသူကြီး Royce Lamberth က အသံလွှင့် လုပ်ငန်းတွေ မူလအတိုင်းပြည်လည်ထုတ်လွှင့်ဖို့နဲ့ ဝန်ထမ်းတွေကို မူလလုပ်ငန်းတွေ ပြန်လုပ်ခွင့်ပြုဖို့ ထရမ့် အစိုးရကို အမိန့်ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

Related News

Most Read