Homeပြည်တွင်းသတင်းရန်ကုန်ကန်တော်ကြီးအတွင်း ကျူးကျော်ကဲ့သို့ တဲထိုးနေထိုင်မှုတွေရှိလာ

ရန်ကုန်ကန်တော်ကြီးအတွင်း ကျူးကျော်ကဲ့သို့ တဲထိုးနေထိုင်မှုတွေရှိလာ

၂၉ ဇွန် ၊၂၀၂၅

ရန်ကုန်မြို့ ကန်တော်ကြီးအတွင်းမှာ တဲတွေထိုးနေကြတဲ့ မိသားစုအချို့ရဲ့ မြင်ကွင်းတစ်ချို့ ကြည့်မြင်တိုင်ပြည် သူ့အသံ လူမှုကွန်က်မှာတင်ထားမှုအရ သိရပါတယ်။

မြို့ခံတစ်ဦးရဲ့ ရေးသားချက်မှာ “ဒီနေ့ ကန်တော်ကြီးထဲမှာ ဆိုင်ထိုင်တော့ ဟိုဘက်ကမ်းကို ကြည့်တော့ ကျူး လိုပုံလေးတွေတွေ့တော့ ဆိုင်ဝန်ထမ်းကို မေးတော့ အဲ့ဒါကျူးတဲ့ဗျာလို့ ကန်တော်ကြီးထဲမှာနော်လို့ ပြောတော့ စည်ပင်လာရှင်းလဲ မရဘူးတဲ့။ ခဏဘဲ ပြန်ရောက်လာကောတဲ့။ အခုကြည့်တာ အမှိုက်တွေကော ကလေး တွေကောစုံလို့ပါလားလို့။ နောက်ဆိုရင် အကွက်ပါရိုက်ပြီးရောင်းတော့မယ်ထင်တယ်။”လို့ ရေးသားထား ပါတယ်။

မြေပြင်သတင်းအချက်အလက်ကို New Day Myanmar အနေနဲ့ သီးခြားဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

ကန်‌တော်ကြီးဟာ ရန်ကုန်မြို့မှာ ဒုတိယအကြီးဆုံးရေကန်တစ်ကန်ဖြစ်ပြီး၊ ဧက ၁၅၀ ခန့်ကျယ်ဝန်းပြီး အတွင်း မှာ မြေပဒေသာကျွန်း၊ ဗိုလ်ချုပ်ပန်းခြံ၊ ကရဝိတ်၊ ပန်းကန်လုံးကျွန်း၊ ချစ်သူများကျွန်း၊ ငါးပြတိုက်များ ရှိနေပြီး အများပြည်သူ အပန်းဖြေရာနရာတစ်ခုဖြစ်ပါတယ်။

ဓာတ်ပုံ- ကြည့်မြင်တိုင် ပြည်သူ့အသံ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး