သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃,၂၀၀ ခန့်က လုပ်ခတိုးဖို့ တောင်းဆိုတဲ့ အပေါ်မှာ စက်ရုံမန်နေဂျာဆိုသူက လုပ်ခလစာတိုးမပေးနိုင်တဲ့ အပြင် တောင်းဆိုတဲ့ အထဲက ယောင်္ကျားလေးဆိုရင် စစ်မှုထမ်းခေါ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ STUM ကနေ သိရပါတယ်။
အလုပ်သမားတွေက လက်ရှိမှာ တရက်လုပ်ခလစာ ၄,၈၀၀ ကျပ်သာရရှိပြီး ရက်မှန်ကြေးက ၂၀,၀၀၀ ကျပ်သာ ရရှိတာကြောင့် တရက်လုပ်ခလစာ ၁၂,၀၀၀ ထိ တိုးပေးဖို့၊ ရက်မှန်ကြေးကို ၆၀,၀၀၀ အထိ တိုးပေးဖို့ တောင်းဆိုခဲ့တာပါ။
ဒါပေမဲ့ စက်ရုံဘက် တရက်လုပ်ခလစာ မတိုးပေးဘူးလို့ ပြောပြီး၊ ရက်မှန်ကြေးကိုပဲ တိုးပေးမယ်လို့ ပြန်လည်ပြေဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရက်မှန်ကြေးတိုးပေးတာကို ပဲ မလက်ခံရင်တော့ ယောင်္ကျားလေးတွေကို စစ်တပ်ကို ပို့ပစ်မယ်လို့ ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ပုံစာ – ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြနေစဉ်
ဓါတ်ပုံ – STUM