Homeပြည်တွင်းသတင်းချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမားများ တောင်းဆိုမှု အောင်မြင်စွာ ပြီးဆုံး

ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမားများ တောင်းဆိုမှု အောင်မြင်စွာ ပြီးဆုံး

၂၁ မေ ၊ ၂၀၂၅

Adidasတံဆိပ် ဖိနပ်တွေ ချုပ်လုပ်နေတဲ့ ချန်းရိ Tsang Yih စက်ရုံလုပ်သားတွေ တောင်းဆိုထားတဲ့ အချက်တွေ အားလုံးနီးပါး ရရှိခဲ့တာကြောင့် အလုပ်သမားတွေရဲ့ တောင်ဆိုမှု အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီလို့ သိရပါ တယ်။

ပြီးခဲ့တဲ့မေ လ ၁၄ ရက်နေ့က လုပ်ခ ဒေးကြေး တိုးမြှင့်ပေးဖို့ ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမား တွေက အလုပ်ရုံအတွင်း စတင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး တောင်းဆိုမှု ပြုလုပ်ချိန်အတွင်း စက်ရုံ ဘက်က ဒေးကြေး ကျပ် ၉၀၀ တိုးပေးမယ်ဆိုပြီး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ အဲဒီ သဘောတူညီချက်ကို အလုပ်သမားတွေဘက်က လက်မခံနိုင်တာကြောင့် တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သဘောတူညီချက်အတွင်း နေ့စားကြေးကို ၅၂၀၀ ကနေ ၆၀၀တိုးပေးတာကြောင့် ၅၈၀၀ ဖြစ်သွားကြောင်း ထောက်ပံကြေး ၃၈၀၀ တိုးမြင့်ပေးကြောင်း ၊ အစိုးရ ထောက်ပံကြေး ၂၀၀၀ နှင့် ဆန်ဖိုးဆီဖိုး ၄၀၀ ကို ယခင်ပုံမှန်အတိုင်းပေးသွာမည်ဖြစ်တာကြောင့် နေ့စားကြေး စုစုပေါင်း ၁၂၀၀၀ အလုပ်သမားတွေဘက်မှ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ဒီမနက်တောင်းထားတဲ့ အချက်ငါးချက်ထဲက တောင်းဆိုမှု လုပ်တဲ့ ၇ ရက်ထဲက ၄ ရက်ကိုတော့ ဒေးကြး မရဘူး။ ဒါလေးပါပဲ။ ” လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

ချန်းရိ (Tsang Yih) ဖိနပ်စက်ရုံ အလုပ်သမားတွေရဲ့ ညီညွတ်မှုနဲ့ တောင်းဆိုမှုအောင်မြင်မှု ကိုSolidarity of Trade Union Myanmar( STUM) က ဂုဏ်ပြုအပ်တယ်လို့လည်း ဒီကနေ့မှာထုတ်ပြန်ထားပါတယ်။

ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံမှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံရပ်ကွက်အနီး၊ အနော်ရထာ စက်မှု ဇုန်အပိုင်း ၂ မှာဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမား ၆၂၀၀ ကျော်လုပ်ကိုင်နေတဲ့ စက်ရုံတစ်ခု လည်းဖြစ် ပါ တယ်။

ဆက်စပ် သတင်းများ

Most read