Homeအထူးသတင်းဇနီးကိုဓါးနဲ့ ခုတ်သတ်ပြီး ထွက်ပြေးသူကို PDF တွေဖမ်းဆီး

ဇနီးကိုဓါးနဲ့ ခုတ်သတ်ပြီး ထွက်ပြေးသူကို PDF တွေဖမ်းဆီး

၂၀ မေ၊ ၂၀၂၅

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ က ရွာတရွာမှာ နေအိမ်မှာ ဇနီးဖြစ်သူ ကို ဓားနဲ့ခုတ်သတ်ပြီး ထွက်ပြေးနေတဲ့သူကို PDF တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ကာယကံရှင် မိသားစုဝင်တွေက စစ်ကောင်စီလက်အောက်ခံ ရဲတွေကို တိုင်ခဲ့ပေမယ့် အရေးယူဆောင်ရွက်တာမရှိလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅)ကို အကူအညီတောင်းရာမှာ PDF တွေက လိုက်လံ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မတ် ၁၇ ၊ နေ့လည် ၁ နာရီအချိန်မှာ ဇနီးဖြစ် သူ မပူတူးကို ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဓားဖြင့် ခုတ်ကာ သတ်မှုကျူးလွန်ခဲ့သူကို မတ်လ ၁၇ ရက်၊ ညနေ ၅ နာရီ အချိန်ခန့်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားသူကို အမျိုးသားညီညွတ်ရေးအစိုးရ တရားစီရင်ရေး စနစ်နဲ့ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် စစ်ဒေသတာဝန်ရှိသူတွေကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူ တွေထံ လွှဲပြောင်းပေးအပ်သွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး