Homeပြည်တွင်းသတင်းစာသင်ကျောင်းကို ဗုံးကျဲခံရမှု သက်သေတွေရှိရင် ပေးပို့ကြဖို့ UN ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM တောင်းဆို

စာသင်ကျောင်းကို ဗုံးကျဲခံရမှု သက်သေတွေရှိရင် ပေးပို့ကြဖို့ UN ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM တောင်းဆို

မေ ၁၅၊ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ အိုးထိန်တွင်းရွာက စာသင်ကျောင်းကို မေ ၁၂ ရက် က လေကြောင်းနဲ့ တိုက်ခိုက်မှုကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေအနေနဲ့ အထောက်အထားတွေ မျှဝေဖို့ ကုလသမဂ္ဂလက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM က တောင်းဆိုလိုက်ပါတယ်။

အရပ်သားတွေကို မခွဲခြားဘဲ လေကြောင်းမှတိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကိုကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်သလို ကလေးတွေကို တိုက်ခိုက်ခြင်းဟာ အလွန်ထိတ်လန့်စက်ဆုတ်ဖွယ်ကောင်းတာကြောင့် IIMM အနေနဲ့ ကလေးတွေကို ထိခိုက်ကျူးလွန်တဲ့ အမှုတွေကို ဦးစားပေးစုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်က စလို့ စာသင်ကျောင်းများစွာကိုတိုက်ခိုက်ခဲ့လို့ ကလေးတွေ သေဆုံးပြီး ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။

IIMM အနေနဲ့ အချက်အလက်တွေ စုဆောင်းနေတာကြောင့် ဒဏ်ရာရရှိမှု၊ အပျက်အစီးတွေ၊ ပေါက်ကွဲမှုတွေရဲ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတွေ ထိခိုက်သူတွေရဲ့ ချက်အလက်တွေ ၊လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဥ်နဲ့ လက်နက်အမျိုးအစားတွေ၊ လောဥ်မှူးနဲ့ အမိန့်ပေးရာမှာ ပါဝင်သူတွေရဲ့ အချက်အလက်တွေ စုဆောင်းနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲ့ဒီအချက်အလက်တွေရှိရင် Signal နံပါတ် +41 76 691 12 08 ကို ဘေးကင်းလုံခြုံတဲ့ အချိန် ဆက်သွယ်ပေးပို့နိုင်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read