Homeပြည်တွင်းသတင်းရွေ့ပြောင်းမြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC ဂေဟာကို ထိုင်းအာဏာပိုင်တွေ လာရောက်ဖျက်သိမ်း

ရွေ့ပြောင်းမြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC ဂေဟာကို ထိုင်းအာဏာပိုင်တွေ လာရောက်ဖျက်သိမ်း

မေ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဆမုစာခွန်ခရိုင်၊ မဟာချိုင်မြို့နယ်မှာရှိတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ AAC-ဂေဟာကို မေလ ၁ ရက်နေ့ ထိုင်းအာဏာပိုင်တွေက လာရောက်ဖျက်သိမ်းနေတယ်လို့ AAC-မဟာမိတ် အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးထားပါတယ်။

ဂေဟာအတွင်းရှိ အခက်အခဲရှိလုပ်သားတွေ အခမဲ့ခိုလုံအခမဲ့ကျွေးမွေးနေတဲ့အဆောက်အဦးကို ထိုင်းအစိုးရက ဥပဒေနဲ့မညီဘူးအကြောင်းပြပြီး မြေပိုင်ရှင်ကို ဖိအားပေးအတင်းလာဖြိုနေတာဖြစ်တယ်လို့လည်း ဆိုထား ပါတယ်။

AAC-ဂေဟာကို ဧပြီလ ၂၂ ရက် နေ့ ညနေ ၅ နာရီမှာ အပြီးပိတ်သိမ်းပေး ရမှာဖြစ်ကြောင်းနဲ့ AAC-ဂေဟာထဲက လုပ်ငန်းခွင်ထိခိုက်ဒဏ်ရသူ ခြေလက်မသန်စွမ်းသူတွေကို ညနေ ၅ နာရီနောက်ဆုံးထားပြီးရွေ့ပေးဖို့နဲ့ ရက်ပေါင်း (၆၀) ပြည့်တဲ့အတွက်အဆောက်အဦးကိုဖြိုပေးဖို့ မြို့နယ်ဒုအုပ် ချုပ်ရေးမှူး နဲ့ နယ်မြေခံဌာန ပေါင်းစုံလာရောက် ပြီး သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဂေဟာ တာဝန်ရှိသူတွေအနေနဲ့ ဥပဒေနဲ့ အညီအယူခံဝင်လုပ်ဆောင်နေတဲ့အပေါ် ထိုင်းနယ်မြေခံအုပ်ချုပ် ရေးမှူး အဆင့်ဆင့်က လက်မခံကြောင်း နဲ့ လက်ရှိ ရုံးတည်ရှိရာ ရပ်ကွက်တွင် ဆက်လက် နေထိုင်ခွင့် မပြုတော့ကြောင်း နဲ့ ဂေဟာ ကိုပေးနေတဲ့ သုံးရေကိုလည်း ဖြတ်တောက်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာဦးခိုင်ကြီး

ဆက်စပ် သတင်းများ

Most read