Homeပြည်တွင်းသတင်းမြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ရန် ပြင်ဆင်နေ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ရန် ပြင်ဆင်နေ

၂၄ ဧပြီ၊၂၀၂၅

၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းမှာ ရပ်တန့်ခဲ့တဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်ဖို့အတွက် နှစ်ဖက်ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ ကုန်သည်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ စစ်ကောင်စီရုံးစိုက်လာပြီးနောက် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆွေးနွေးနေတာဖြစ်ပါတယ်။

“ပြည်မကြီးနဲ့ မူဆယ်ကနေ တရုတ်ကို ကုန်စည်ပို့ဆောင်ဖို့ပေါ့။ အဲဒါကိုတော့ ညှိနှိုင်းနေတယ်။ ဖွင့်မယ်လို့ကြားတယ်။ ကိုးကန့်၊ တရုတ်ရော၊ မြန်မာစစ်တပ်ဘက်ရောပေါ့။ အဓိကတော့ မန္တလေး-မူဆယ်ပေါ့။ မေလအပြီးဆွေးနွေးမယ်”လို့ မူဆယ်နယ်စပ်ကုန်သည်တစ်ဦးက New Day Myanmar ကိုပြောပါတယ်။

တရုတ်ရဲ့ဖိအားပေးမှုကြောင့် ကိုးကန့် MNDAA ဟာ လားရှိုးမြို့ကို စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်ကစပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ကြေညာခဲ့ပြီးနောက် မြန်မာ-တရုတ်နယ်စပ် အဓိကတရားဝင်ဂိတ်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာလည်း လက်ရှိအချိန်အထိ ပိတ်ထားရဆဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read