၂၃ ဧပြီ၊၂၀၂၅
အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းက ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
၈လ ဝန်းကျင်ကြာမြင့်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲ ကို ABSDF အမှတ် ၁ စစ်ကြောင်း ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ KPDF ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းများ ၊ အခြားသော မဟာမိတ်တပ်ပေါင်းစုတွေ စုပေါင်းသိမ်းပိုက်ခဲ့ကြရာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးအတွင်း ABSDF အမှတ် ၁၄ တပ်ရင်းမှ ရဲဘော်သရဲ ကျဆုံးခဲ့တယ်လို့လည်း ABSDF ကထုတ်ပြန်ထားပါတယ် ။
ဓာတ်ပုံ – ABSDF Column – 3