၇ မတ် ၊ ၂၀၂၅
လာမည့်ဒီဇင်ဘာ သို့မဟုတ် နောက်နှစ်ဇန်နဝါရီမှာ ရွေးကောက်ပွဲကို အစောဆုံးကျင်းပနိုင်ရန် စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဘီလာရုစ်သမ္မတမစ္စတာအလက်ဇန်းဒါးလူကာရှန်းကော့နဲ့ တွေ့ဆုံစဉ်ပြောကြားလိုက်ပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ပွဲကို လုံးဝလုပ်ဖြစ်မှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကလည်း ပြောပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီ ၅၃ ပါတီက မှတ်ပုံ တင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
ဘီလာရုစ်နိုင်ငံက လေ့လာရေးအဖွဲ့တွေအနေနဲ့ရွေးကောက်ပွဲကို လာရောက်လေ့လာကြဖို့ကိုလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဖိတ်ကြားထားပါတယ်။