Homeပြည်တွင်းသတင်းလိုင်ဇာအနီး စစ်ရှောင်စခန်းတစ်ခုက မိန်းကလေးငယ် (၃)ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်သူ အမျိုးသားတဦးဖမ်းဆီးရမိ

လိုင်ဇာအနီး စစ်ရှောင်စခန်းတစ်ခုက မိန်းကလေးငယ် (၃)ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်သူ အမျိုးသားတဦးဖမ်းဆီးရမိ

၂၆ ဖေဖော်ဝါရီ၊ ၂၀၂၅

ကချင်ပြည်နယ်၊ လိုင်ဇာမြို့စစ်ရှောင်စခန်းတစ်ခုက မိန်းကလေးငယ် (၃)ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သူ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကလေးငယ်၃ဦးဟာ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ညနေ (၃)နာရီ ဝန်းကျင်ခန့်က ပျောက်ဆုံးခဲ့တာဖြစ်ပြီး မိဘတွေကို တရုတ်ငွေ (၃)သိန်းနဲ့ ပြန်လာရွေးရန် ပြောဆိုလာခဲ့ရာကနေ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရတဲ့ မိန်းကလေးငယ် (၃) ဦးမှာ အသက်-၁၀နှစ်အရွယ်နှစ်ဦးနဲ့ အသက်-၁၁နှစ်အ ရွယ်တဦး ဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ် (၃)ဦးကို ပြန်ပေးဆွဲခဲ့သူ ဟာ အသက် (၂၅) နှစ်အရွယ်ရှိပြီး စစ်ရှောင်စခန်းစာသင်နေတဲ့ဆရာမတစ်ဦးရဲ့ အမျိုးသားဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြန်ပေးဆွဲသူအမျိုးသားကို (၂၅)ရက်နေ့ကဖမ်းဆီးရမိခဲ့ပြီး ညနေပိုင်းအချိန်မှာ ကလေးငယ်များရဲ့ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။

ကျူးလွန်သူအမျိုးသားဟာ ကလေးငယ်ရဲ့မိဘများကို တရုတ်ငွေ (၃)သိန်းနဲ့ ပြန်လာရွေးဖို့ ပြောဆိုခဲ့ပြီး KIA တာဝန်ရှိသူများမှ ဖမ်းဆီးရမိချိန် စစ်ဆေးမေးမြန်းမှုရ တစ်ဦးတည်းကသာ ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ကလေး (၂) ဦးရဲ့ရုပ်အလောင်းကိုဖေဖော်ဝါရီ(၂၅)ရက်နဲ့ (၁)ဦးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီလ (၂၆) ရက်မနက်ပိုင်းမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read