Homeပြည်တွင်းသတင်းသရုပ်ဆောင် ခိုင်နှင်းဝေနဲ့အဖွဲ့ ပုပ္ပါး-ပုဂံလမ်းမှာ အဆက်အသွယ်ပြတ်တောက်နေပြီး ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်

သရုပ်ဆောင် ခိုင်နှင်းဝေနဲ့အဖွဲ့ ပုပ္ပါး-ပုဂံလမ်းမှာ အဆက်အသွယ်ပြတ်တောက်နေပြီး ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်

၁၄ မေ ၂၀၂၆ | New Day Myanmar

သရုပ်ဆောင် ခိုင်နှင်းဝေနဲ့အဖွဲ့ဟာ မနေ့က မေလ ၁၃ ရက်နေ့မှာ ပုပ္ပါးကနေ ပုဂံကို သွားတဲ့ လမ်းခရီးအတွင်း အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေပြီး ပြန်ပေးဆွဲခံထားရတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။

ဒီသတင်းကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုက စတင်ဖော်ပြလာခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ ခိုင်နှင်းဝေတို့အဖွဲ့ဟာ မေလ ၁၃ ရက် မနက်ပိုင်းမှာ ပုပ္ပါးတောင်ကလပ်မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပြီးနောက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ Alphard ကား ၂ စီးနဲ့ ပုပ္ပါးကနေ ပုဂံဘက်ကို ဗြတ္တပန်းဆက်လမ်းအတိုင်း ထွက်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပုံမှန်ရောက်ရှိသင့်တဲ့ အချိန်ထက် များစွာနောက်ကျနေတဲ့အထိ ပုဂံဘက်ကို ပြန်မရောက်လာသေးသလို အဖွဲ့သားတွေအားလုံးရဲ့ ဖုန်းတွေလည်း ဆက်သွယ်မရဘဲ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

New Day Myanmar က ခိုင်နှင်းဝေရဲ့ ပရဟိတအသင်းဘက်ကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြည်တွင်းမီဒီယာအချို့ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ရေးသားဖော်ပြနေပေမယ့် သတင်းရင်းမြစ်ကို တိတိကျကျ ဖော်ပြထားတာမျိုး မတွေ့ရသေးပါဘူး။

လက်ရှိအချိန်အထိ ခိုင်နှင်းဝေနဲ့အဖွဲ့ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းကို အတည်ပြုနိုင်တဲ့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ် မရှိသေးသလို၊ New Day Myanmar အနေနဲ့လည်း ဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာ “ရင်သွေးလေးများဂေဟာ” ကို ဦးဆောင်ကာ မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်ပေးနေသူတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကြောင့် လူသိများသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး