Homeပြည်တွင်းသတင်းကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေကို အရေးယူဖို့ Justice for Myanmar တောင်းဆို

ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေကို အရေးယူဖို့ Justice for Myanmar တောင်းဆို

၂၅ ဖေဖော်ဝါရီ၊ ၂၀၂၅

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနဲ့ မုတ်သုန်တို့ သုံးဦးကို လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေမှုကို Justice For Myanmar က ကြိုဆိုတယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ တရားစွဲဖို့ အမြန်လုပ်ဆောင်ရန်နဲ့ တရားရုံးမှာ ဖမ်းဝရမ်းများကို လျှောက်ထားရန် လည်း တိုက်တွန်းတယ်လို့ ဆိုပါတယ်။ အဲ့ဒီဖမ်းဝရမ်းတွေ ထုတ်ပေးလိုက်မယ်ဆိုရင် ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ အရေးပါလာမယ်လို့ ဆိုပါတယ်။

မကြာမီရက်ပိုင်းအတွင်းက ငွေလိမ်ခြံကြီးများအတွင်း ပိတ်မိနေခဲ့ကြသည့် ရာနှင့်ချီသော အလုပ်သမား များကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပေမယ့် ဒါဟာ ဆိုက်ဘာငွေလိမ်လုပ်ငန်းနယ်ပယ်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ပါဝင်ပတ်သက်မှု အတိမ်အနက်ထုထည်သည် အခြေအနေတွေ ငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့အား တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်ကြောင်း ပြသနေတယ်လို ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေအနေနဲ့ ကရင်နယ်ခြားစောင့်တပ်မိသားစုဝင်တွေ၊ သူတို့ရဲ့ စစ်အုပ်စုတပ်မှူးတွေ၊ မြန်မာနဲ့ထိုင်းနိုင်ငံအတွင်း သူတို့မိတ်ဖက်တွေကို ဖမ်းဝရမ်းတွေထုတ်ပြီး လူကုန်ကူးမှုတွေအပေါ် အရေးယူဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုတွေရဲ့ အကြောင်းရင်းမြစ် ဖြစ်တဲ့ မြန်မာစစ်တပ်ကိစ္စကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုပါတယ်။ မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်ပြီးကျူးလွန်ဖို့ ဘဏ္ဍာငွေ လိုအပ်နေတာ ဖြစ်ပါတယ်။”လို့ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ဆက်လက်ပေးအပ်နေသ၍၊ သဘာဝဓါတ်ငွေ့ ဝယ်ယူမှုကနေတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေအသက်သွေးကြော ပေးအပ်နေသ၍ ဆိုက်ဘာငွေလိမ်မှု တွေနဲ့ လူကုန်ကူးမှုတွေ ဆက်ဖြစ်နေမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read