၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅
စစ်မှုထမ်းအသက်အရွယ်တွင်အကျုံးဝင်ပြီး PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတွေကို စစ်ကောင်စီက ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ပိတ်ပင်လိုက်ပါတယ်။
ထို့ပြင် နှစ်နိုင်ငံ အလုပ်သမားစေလွှတ်ခွင့် MoU ရေးထိုးထားတဲ့ နိုင်ငံတွေကိုပါ သွားရောက်လုပ်ကိုင်ခွင့်ပါ မရှိတော့ဘူးလို့ သိရပါတယ်။
“အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အကျုံးဝင်တဲ့အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်လိုက်တာ။ PV တွေတော့ရသေးတယ်။ အမျိုးသမီးတွေကိုလည်း ပြည်ပထွက်လို့ရသေးတယ်။ ပြည်ပကို အလည်အပတ်နဲ့သွားမယ်ဆိုရင်လည်း လေဆိပ်ကစစ်ဆေးတာတွေရှိမယ်။ မသင်္ကာရင်တော့ ပေးမထွက်ဘူး” လို့ စစ်ကောင်စီ နဲ့ နီးစပ်တဲ့ လေဆိပ်ဝန်ထမ်းတဦးက New Day Myanmar ကိုပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပကအလုပ်ခေါ်စာအသစ်တွေကို ဆိုင်းငံ့ထားပါတယ်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒးဒေ ပုဒ်မ – ၅၁ အရ အမိန့်စာရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေသို့ ထွက်ခွာခွင့် မရှိစေရဟု ဖော်ပြထားသလို ပုဒ်မ – ၅၀ တွင်လည်း ဆေးစစ်အောင်မြင်ပြီးသူမျာစသည် စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြုရန်၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးရန်၊ ရွှေ့ဆိုင်းပေးရန် လျှောက်ထားချိန် ဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေသို့ ထွက်ခွာခွင့် မရှိစေရဟူ၍ ပြဋ္ဌာန်းထားပါတယ်။