၁၂ ဖေဖော်ဝါရီ၊ ၂၀၂၅
ကရင်နီပြည်လုံခြုံရေး၊ ခရီးသွားပြည်သူလုံခြုံရေးနဲ့ စနစ်တကျသွားလာနိုင်ရေးအတွက် ကရင်နီပြည်နယ်သားမဟုတ်တဲ့ ခရီးသွားပြည်သူလူထုတွေကို ခရီးသွားလာခွင့်ကတ်နဲ့မှ တင်ခွင့်ပြုမယ်လို့ IEC က ဖေဖော်ဝါရီ ၁၁ရက် က ကြေညာလိုက်ပါတယ်။
ကယားပြည်နယ်ပြင်ပက လာရောက်သူတွေအနေနဲ့ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်ကို လွှဲပြောင်းကိုင်ဆောင်တာ လုပ်ခွင့်မရှိသလို ကတ်မရှိဘဲ ကယားပြည်နယ်အတွင်း သွားလာခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။ တာဝန်ရှိသူတွေ စစ်ဆေးရာမှာ ဒီကတ်ပြားကို ပြသရမှာဖြစ်ပြီး ပြည်နယ်အတွင်းက ပြန်လည်ထွက်ခွာတဲ့အချိန်မှာ ကတ်ကို ပြန်လည်အပ်နှံဖို့လည်း ညွှန်ကြားထားပါတယ်။
ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်လုပ်ဖို့အတွက်လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်ပြီး ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်တွေအပြင် ပြည်နယ်တွင်း တော်လှန်ရေးလုပ်ငန်းတွေမှာ လက်တွဲလုပ်ကိုင်သူတွေအတွက်ကို နေထိုင်ခွင့်ကတ်ပြားတွေထုတ်ပေးသွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Karenni State Immigration