Homeပြည်တွင်းသတင်းအာဏာသိမ်းပြီးချိန်က စလို့ စစ်ကောင်စီအခြေစိုက်စခန်းပေါင်း ၁၈ဝ နီးပါး သိမ်းပိုက်ခံထားရ

အာဏာသိမ်းပြီးချိန်က စလို့ စစ်ကောင်စီအခြေစိုက်စခန်းပေါင်း ၁၈ဝ နီးပါး သိမ်းပိုက်ခံထားရ

၂၀ ဇန်နဝါရီ ၊ ၂၀၂၅

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီရဲ့ အခြေစိုက်စခန်းပေါင်း ၁၇၄ ခုထက်မနည်း ၁၈ဝ နီးပါးကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားကြောင်း ISP Myanmar ကဖော်ပြထားပါတယ်။

တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် အခြေစိုက်တပ်စခန်း ပေါင်း ၁၄၁ ခုထက်မနည်း ဟာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှဖြစ်ပြီး ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အခြေစိုက်စခန်း ၈ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရပြီး ကချင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် ၃ ခုထက်မနည်း သိမ်းပိုက်ခံထားရတာဖြစ်ပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းပေါင်း ၅၄ ခုထက်မနည်း သိမ်းပိုက်ခံထားရပြီး အဆိုပါပမာဏရဲ့ ၄၆ ရာခိုင်နှုန်းသည် ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရုံးအကူတပ်ရင်းပေါင်း ၂၄ ခုထက်မနည်းလည်း တိုက်ခိုက်သိမ်းပိုက်ခံထားရကာ အဆိုပါပမာဏရဲ့ ၈၈ ရာခိုင်နှုန်းနီးပါးဟာရှမ်းပြည်နယ်အတွင်းကဖြစ်တယ်လို့ ဖော်ပြထားချက်အရ သိရပါတယ်။

ထို့အတူ စစ်ကောင်စီရဲဲ့ အမိန့်ပေးကွပ်ကဲမှုဌာနချုပ်ပေါင်း ၁၂ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး အဲ့ဒီထဲမှာ ရှမ်းပြည်နယ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင် အမိန့်ပေးကွပ်ကဲမှု ဌာနချုပ်ပေါင်း ၅ ခုထက်မနည်း ပါဝင်ပြီး ရခိုင်ပြည်နယ်မှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် အမိန့်ပေးကွပ်ကဲမှုဌာနချုပ်ပေါင်း ၇ ခုထက်မနည်း သိမ်းပိုက်ခံထားရပါတယ်။

အလားတူ စစ်ကောင်စီ လက်ရုံးတပ်တွေရဲ့ အခြေစိုက်စခန်းပေါင်း ၃၉ ခုထက်မနည်း သိမ်းပိုက်ခံထားရပြီး အဆိုပါပမာဏရဲ့ ၅၄ ရာခိုင်နှုန်းနီးပါးဟာ ရှမ်းပြည်နယ်အတွင်းမှဖြစ်တယ်လို့ ISP-Myanmar ရဲ့ သုတေသနစစ်တမ်းတွေအရ သိရပါတယ်။

Photo – AA info desk

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး