Homeပြည်တွင်းသတင်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဆယ်ရက်အတွင်း ကလေး ၂ ဦးအပါဝင် အရပ်သားပြည်သူ ၁၂ ဦးသေဆုံး

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဆယ်ရက်အတွင်း ကလေး ၂ ဦးအပါဝင် အရပ်သားပြည်သူ ၁၂ ဦးသေဆုံး

၁၁ ဇန်ဝါရီ ၊ ၂၀၂၅

စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် လက်ရှိ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ အရပ်သားပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး အဆိုပါအရေအတွက်အတွင်း ကလေး ၂ ဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။

AAPP မှ ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့ အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၈) ဦး နဲ့ အမျိုးသား (၄) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့တာကို အမည် နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၂) ဦး ပါဝင်နေပြီး သေဆုံးသူအများစုမှာ ရခိုင်ပြည်နယ်မှဖြစ်ပြီး( ၅) ဦးသေဆုံးခဲ့ကြောင်းနဲ့ သေဆုံးရတဲ့အကြောင်းအရင်းမှာ (၁၀) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး (၁၀) ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ အချက်အလက်တွေကိုလည်း စစ်ဆေးအတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့၊ နေ့လယ် ၃ နာရီကျော်ခန့်အချိန်ကလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာနဲ့ တောင်ပေါက်ကျေးရွာအနီးကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် အင်ဇုံပြင်ကျေးရွာမှ မဇင်မာခိုင်၊ ကျောက်တော်မြို့နယ်၊ ဝကင်းကျေးရွာမှ ဂျော်နာဘေလ်ခေါင်၊ ၎င်းရဲ့သားဖြစ်သူ ရာဟနော်ဒီလ် နဲ့ မဂျော်တို့အား ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။။

Photo- AA Info Desk

ဆက်စပ် သတင်းများ

Most read