Homeပြည်တွင်းသတင်းထိုင်း-မြန်မာ နယ်စပ်မှာပျောက်ဆုံးခဲ့သည့် တရုပ်နိုင်ငံသားသရုပ်ဆောင် Wang Xing ငွေလိမ်ဂိုဏ်းသို့ လူကုန်ကူးခံရခြင်းဖြစ်ကြောင်း ထွက်ဆို

ထိုင်း-မြန်မာ နယ်စပ်မှာပျောက်ဆုံးခဲ့သည့် တရုပ်နိုင်ငံသားသရုပ်ဆောင် Wang Xing ငွေလိမ်ဂိုဏ်းသို့ လူကုန်ကူးခံရခြင်းဖြစ်ကြောင်း ထွက်ဆို

၈ ဇန်နဝါရီ၊၂၀၂၅

ထိုင်း-မြန်မာ နယ်စပ်မှာပျောက်ဆုံးခဲ့တဲ့ တရုပ်နိုင်ငံသားသရုပ်ဆောင် Wang Xing မှာ မြဝတီမြို့ မှာရှိ ရွှေကုက္ကိုလ်မြို့ရှိ ငွေလိမ်လုပ်ငန်း (သို့) ကျားဖြန်လုပ်ငန်းများသို့ လူကုန်းကူးခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ ထိုင်းအခြေစိုက် Khaosod သတင်းမှာ ဖော်ပြလာမှုအရ သိရပါတယ်။

အဆိုပါငွေလိမ် ဂိုဏ်းအတွင်းသို့ရောက်ရှိခဲ့ချိန် ၎င်းကို ငွေလိမ်ရန် လေ့ကျင့်ပေးချင်းခံခဲ့ရကြောင်းနဲ့ တရုတ် လူမျိုးများကို ပစ်မှတ်ထားတဲ့ လိမ်လည်စာတိုများရေးသား လေ့ကျင့်ရန်စေခိုင်းခံရတယ်လို့ Wang Xing က ထွက်ဆိုထားပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိပြီးနောက် မဲဆောက်သို့ ပို့ဆောင် ခံရကာ Wang Xing မှာ မဲဆောက်မြို့အနီး ဇန်နဝါရီ ၃ ရက်က ပျောက်သွားခဲ့တာဖြစ်ပြီး ရွှေကုက္ကိုလ်ကို ရောက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ထို့နောက် ဇန်နဝါရီ ၇ ရက်တွင် တရုတ်နိုင်ငံသား အယောက် ၅၀ နှင့်အတူ ထိုင်းအာဏာပိုင်များက ကယ်တင်ခဲ့ ခြင်းဖြစ်ပြီး Wang Xing လူကုန်ကူးခံရမှုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းထိခိုက်မှုကို ကာကွယ်ရန် ထိရောက်စွာ စီမံခန့်ခွဲရမယ်လို့ ဝန်ကြီးချုပ် Shinawatra က လည်း ပြောဆိုထားပါတယ်။

ငွေလိမ်လုပ်ငန်း (သို့) ကျားဖြန်လုပ်ငန်းများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ရွှေကုက္ကိုလ်မြို့မှာ ကရင်ပြည် နယ် မြဝတီမြို့ အရှေ့ဘက် ၁၅ မိုင်ခန့်တွင် တည်ရှိတဲ့ မြို့သစ်တစ်ခုဖြစ်ပါတယ်။

Photo – Khaosod

ဆက်စပ် သတင်းများ

Most read