၂၃ဒီဇင်ဘာ၊၂၀၂၄
ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA)မှ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းနဲ့ ဂွမြို့တွင်လည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွပြင်းထန်နေတယ်လို့ AA ထုတ်ပြန်ထားပါတယ်။
တောင်ကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် AA စစ်သည်တော်တွေက ဌာနဆိုင်ရာ နဲ့ တပ်စခန်းတွေရှေ့မှာ အောင်ပွဲခံနေတဲ့မှတ်တမ်းဓာတ်ပုံကို AAက ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ရက္ခိုင်ပြည် တောင်ကုတ်အခြေစိုက် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၅)တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ တပ်စခန်းများအားလုံးကို ဒီဇင်ဘာ ၁၄ရက်မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မြိုလေးမြိုအနက် လက်ရှိအချိန် တွင် ဂွတစ်မြိုသာ ကျန်ရှိတော့ပြီဖြစ်ကြောင်းနဲ့ ဂွမြိုသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဖွဲ ဝင်တွေ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး အာရက္ခတပ်တော်တပ်ဖွဲဝင်တွေမှ ဂွ မြို သိမ်းတိုက်ပွဲအတွက် ထိုးစစ်တွေကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
Photo – AA Info Desk