၁၂ ဒီဇင်ဘာ၊ ၂၀၂၄
၂၀၂၅ ခုနှစ်မှာ လူသားချင်းစာနာထောက်ထားမှုယိုယွင်းလာတာကို အဆိုးဝါးဆုံးကြုံတွေ့နိုင်မယ့် နိုင်ငံနှစ်ဆယ်စာရင်းကို ဒီဇင်ဘာ ၁၁ ရက်က International Rescue Committee (IRC) က ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက တတိယအဆိုးဝါးဆုံးနိုင်ငံအဖြစ် ပါဝင်လာပါတယ်။
ဒီနိုင်ငံ ၂၀ စာရင်းမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆူဒန်နိုင်ငံက လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ တစ်ကမ္ဘာလုံး လူဦးရေရဲ့ ၁၀% နဲ့ ပိမ နေရာမှာ ရပ်တည်နေပြီး၊ ဒုတိယနေရာမှာ ဂါဇာကမ်း မြောင် ဒေသ က လူသားချင်းစာနာမှုအကူအညီနဲ့ စားနပ်ရိက္ခာလိုအ်ပနေတဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်ပါတယ်။
မြန်မာနိုင်ငံက တတိယနေရာ၊ ဆီးရီးယားနိုင်ငံက စတုတ္ထနေရာနဲ့ ပဉ္စမနေရာမှာ တောင်ဆူဒန်နိုင်ငံ တွေကရပ်တည်နေတာဖြစ်ပါတယ်။
IRC ရဲ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့တွေ စုစည်းပြီး အင်အားကောင်းလာတာကြောင့် လူဦးရေ ၉ သိန်းနီးပါး နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး ၂၀၂၃ ခုနှစ်ကထက်စာရင် ၃၇% တိုးလာတယ်လို့ ဖော်ပြပါတယ်။ ဒီနှစ်မှာ စစ်ပွဲတွေ ပိုပြီး ဖြစ်လာတယ်လို့လည်း ပြောဆိုပါတယ်။
ဝမ်းရောဂါနဲ့ တခြားရောဂါတွေက မြန်မာပြည်သူတွေရဲ့ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်နေပြီး ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ ပိုပြီး ဆိုးဝါးနေတယ်လို့ ဆိုပါတယ်။ ရေကြီးတာနဲ့ တခြား ရာသီဥတုဆိုးဝါးတာတွေကြောင့်လည်း တိုင်းပြည်အနေနဲ့ လာမယ့်နှစ်မှာ ပိုပြီး ဆိုးဝါးယိုယွင်းတဲ့အခြေအနေကိုရောက်ရှိနိုင်ပြီး လိုအပ်မှုတွေ တိုးလာနိုင်တယ်လို့ IRC က ဆိုပါတယ်။
Photo – IRC