Homeပြည်တွင်းသတင်းမြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ စစ်ကောင်စီက ပိတ်ပင်ထားတဲ့ အတွက် ဖွင့်ပေးဖို့ UNOCHA အကြီးအကဲ တောင်းဆို

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ စစ်ကောင်စီက ပိတ်ပင်ထားတဲ့ အတွက် ဖွင့်ပေးဖို့ UNOCHA အကြီးအကဲ တောင်းဆို

၂၀ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုပြီး ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲနဲ့ စစ်ကောင်စီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တို့ ဩဂုတ်လ ၁၉ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့အတွက် စစ်ကောင်စီက UNOCHA ရဲ့ ဝန်ထမ်းတွေကို ပြည်ဝင်ခွင့် Visa ပိတ်ထားတာဖွင့်ပေးဖို့ ၊ အကူအညီလိုအပ်နေတဲ့နေရာကို သွားတာကို ပိတ်တာပြန်ဖွင့်ပေးဖို့ နဲ့ စစ်ကောင်စီက NGO အဖွဲ့တွေအတွက် အသင်းမှတ်ပုံတင်ကိစ္စတွေမှာ ကန့်သတ်ချုပ်ချယ်ထားတာတွေ ပြန်ဖွင့်ပေးဖို့ UNOCHA က စစ်ကောင်စီကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အဲ့ဒီတောင်းဆိုချက်တွေကို စစ်ကောင်စီက လိုက်လျောသလားဆိုတာကိုတော့ နှစ်ဘက်စလုံးက ကြေညာခြင်းမရှိသေးပါဘူး။

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးကြည် ဟာ UNOCHA အကြီးအကဲ Mr. Sajjad Mohammad Sajid ၊ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi တို့ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာဖော်ပြပါတယ်။

သြဂုတ်လ ၁၉ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့လူသားချင်းစာနာမှုနေ့မှာတော့ မြန်မာနိုင်ငံမှာ ကလေး ခြောက်သန်း အပါအဝင် လူ ၁၈ ဒသမ ၆ သန်းဝန်းကျင်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

ပုံစာ – NOCHA အကြီးအကဲ Mr. Sajjad Mohammad Sajid ၊ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နဲ့ စစ်ကောင်စီ လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးကြည်တို့ တွေ့ဆုံဆွေးနွေးစဉ်

Related News

Most Read