Homeပြည်တွင်းသတင်းဗန်းမော်မြို့သိမ်းတိုက်ပွဲ မြို့တွင်းထိ ရောက်ရှိနေပြီး အကျဉ်းထောင်ပွင့်သွားကြောင်း သတင်းတွေ ထွက်ပေါ်

ဗန်းမော်မြို့သိမ်းတိုက်ပွဲ မြို့တွင်းထိ ရောက်ရှိနေပြီး အကျဉ်းထောင်ပွင့်သွားကြောင်း သတင်းတွေ ထွက်ပေါ်

၈ ဒီဇင်ဘာ၊ ၂၀၂၄

KIA ပူးပေါင်းမဟာမိတ်တပ်တွေရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဒီဇင်ဘာ ၆ ရက်ထဲက မြို့တွင်းကို ရောက်ရှိနေပြီး ဗန်းမော်အကျဉ်းထောင်ပွင့်သွားတဲ့အတွက် နိုင်ကျဉ််းတွေအပါအဝင် အကျဉ်းသားတွေ လွတ်မြောက်ခဲ့တယ်လို့ သတင်းတွေက ထွက်ပေါ်နေပါတယ်။

ဒီဇင်ဘာ ၆ရက် နေ့လယ်ပိုင်းမှာ KIAနဲ့ ပူးပေါင်းတပ်တွေက ဗန်းမော်မြို့တွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေ ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ညပိုင်းမှာတော့ အကျဉ်းထောင်ကို ဖွင့်ပေးလိုက်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။

ဗန်းမော်နဲ့ မံစီမြို့တွေကို ဒီဇင်ဘာ ၄ ရက်မနက် ၅ နာရီဝန်းကျင်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်မှာ မြို့တွင်းထဲထိ ဝင်ရောက်တိုက်ခိုက်နေပြီလို့ သိရပါတယ်။ စစ်ကောင်စီက မြို့ကို ကုန်းလမ်း ရေလမ်းက ပိတ်ထားတဲ့အတွက် မြို့တွင်းပိတ်မိနေတဲ့ ဒေသခံပြည်သူတွေလည်း ရှိနေပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“လက်နက်ကြီးပစ်ခတ်သံတွေက မနေ့ကလောက်မကြားတော့ဘူး။ မနေ့ကတော့ ဘူဒိုဇာကုန်းဘက်က အိမ်တစ်အိမ်ကိုကျတာ အဖေက သေပြီး သမီးလေးက လက်ပြတ်သွားတယ်” လို့ ဗန်းမော်ဒေသခံတစ်ဦးက ဆိုပါတယ်။ အရပ်သားသေဆုံးမှု ဆယ်ဂဏန်းကျော်ပြီလို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။

ဒီဇင်ဘာ ၆ရက်မှာ ဗန်းမော်မြို့တွင်းက စစ်ကောင်စီ မြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးပေါင်းစုံ ရုံးကြီးကို တိုက်ခိုက်ရှင်းလင်းပြီးပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်နှင့် မံစီအပြင် မိုးမောက်မြို့မှ စစ်ကူဆင်းလာသည့် စစ်ကောင်စီတပ်ကိုလည်း KIA က ၆မိုင်တွင် ကြားဖြတ်တိုက်ခိုက်ထားနိုင်ကြောင်း သိရပါတယ်။

ပုံစာ – စစ်ရှောင်နေတဲ့ ဗန်းမော်ဒေသခံများ

Photo – မေမြန်မာ

ဆက်စပ် သတင်းများ

Most read