Homeပြည်တွင်းသတင်းတိုက်ပွဲတွေကြောင့်သာမကဘဲ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလအတွင်း အရပ်သား ၂၆၈ ဦး သေဆုံးခဲ့ရ

တိုက်ပွဲတွေကြောင့်သာမကဘဲ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလအတွင်း အရပ်သား ၂၆၈ ဦး သေဆုံးခဲ့ရ

၂၉ နိုဝင်ဘာ၊၂၀၂၄

မြန်မာနိုင်တစ်ဝန်းမှာ တိုက်ပွဲတွေကြောင့်သာမကဘဲ စစ်ကောင်စီတပ်၊တော်လှန်ရေးအင်အားစုတွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် နိုဝင်ဘာလအတွင်း နိုင်ငံတစ်ဝန်းမှာ အရပ်သား (၂၆၈) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအရေအတွက်အတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး ဒဏ် ရာရရှိသူ (၃၁၂) ဦးနဲ့ သေဆုံးသူ (၁၃၇) ဦးအထိရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ ရဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ထားတဲ့ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော စစ်ဆင်ရေးများနှင့် တိုက်ပွဲဖော် ဆောင်မှု များမှတ်တမ်းမှာ ဖော်ပြပါရှိပါတယ်။

ဒုတိယ အရပ်သားသေဆုံးမှုအများဆုံးမှာ စစ်ကောင်စီရဲ့စစ်ကြောင်းထိုးဝင်ရောက်မှု တွေ ကြောင့် ဖြစ်ပြီး သေဆုံးသူ ၄၆ ဦးနဲ့ ဒဏ်ရာရရှိသူ ၄ ဦးရှိကြောင်းနဲ့ အမည်မသိအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ၂၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြောင့် အရပ်သားသေဆုံးမှု အနေနဲ့ တနင်္လာရီတိုင်း မှာ ၂ ဦး နဲ့ စစ်ကိုင်းတိုင်းမှာ တစ်ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်၊ လက်နက်ကိုင်တော်လှန်ရေးအာင်အားစုတွေနဲ့ အမည် မသိလက်နက်ကိုင် အဖွဲ့ အစည်းတွေမှာ အရပ်သားပြည်သူ (၁၈၉၀) ဦးဖမ်းဆီးထားပြီး ထိုအထဲမှာ စစ်ကောင်စီရဲ့ ဖမ်းစီးမှုက (၁၇၆၉) ဦးအထိရှိခဲ့တယ်လို့လည်း သိရပါတယ်။

Photo -Nyan Lynn Thit Analytica

ဆက်စပ် သတင်းများ

Most read