Homeပြည်တွင်းသတင်းရခိုင်ပြည်နယ်ဂွမြို့နယ်ကို စစ်ကောင်စီလေကြောင်းနဲအဗုံးကြဲ ကလေးနှစ်ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံး

ရခိုင်ပြည်နယ်ဂွမြို့နယ်ကို စစ်ကောင်စီလေကြောင်းနဲအဗုံးကြဲ ကလေးနှစ်ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံး

၁၅ နိုဝင်ဘာ၊၂၀၂၄

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က လေကြောင်းကန ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး နှစ်ဦးအပါအဝင် အရပ်သား (၇)ဦး သေဆုံးသွားခဲ့တယ်လို့ မြေပြင်စစ်ရးသတင်းအရင်းမြစ်တွေဆီက သိရ ပါတယ်။

“ ၁၃ ရက်နေ့က လာပစ်သွားတာ မြို့နဲ့တော့လှမ်းတယ် ကလေးနှစ်ယောက်သေတယ်လို့ကြားတယ် ဒီမှာလည်း လူမရှိတော့ဘူး အကုန် အိုးပစ်၊ အိမ်ပစ် ပဲ တစ်ချို့တွေလောက်ပဲ မဖြစ်မနေမို့ နေခဲ့ကြတဲ့သူ တွေလည်းရှိ တယ် လို့” ဂွမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

သေဆုံးသူတွေမှာ ဂွမြို့နယ်၊ ဂျိုင်ကောက်ရွာမှ မသေးသေး (၉)နှစ်၊ မယွန်းရတီလှိုင် (၁၅)နှစ်၊ ဒေါ်ခင်သက်မူ (၆၀)နှစ်၊ ဦးဆန်းလှိုင်(၆၅)နှစ်၊ ကိုရီချမ်း (၂၈)နှစ်၊ ဦးဘမ်ဒို (၅၄)နှစ်နဲ့ ဦးမိုးညိုတို့ဖြစ်တယ်လို့သိရပြီး ဒဏ်ရာသူ တွေမှာ ဂျို မလေးလေးဝါး၊ ဦးတင်ဝင်း၊ မောင်မောင်နိုင်၊ ဦးထွန်းထွန်းနိုင်နှင့် ဦးနုတို့ဖြစ်တယ်လို့လည်း သိရပါ တယ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read