Homeပြည်တွင်းသတင်းထိုင်းနိုင်ငံ၊ ပရာချင်ဘူရီက ဓာတုစက်ရုံပေါက်ကွဲမှုမှာ မြန်မာလုပ်သားနှစ်ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီက ဓာတုစက်ရုံပေါက်ကွဲမှုမှာ မြန်မာလုပ်သားနှစ်ဦးသေဆုံး

၂၇ အောက်တိုဘာ၊ ၂၀၂၄

အောက်တိုဘာလ ၂၆ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ပရာချင်ဘူရိခရိုင်၊ ကဘင်ဘူရိမြို့နယ်၊ ဘိုသုံး စက်မှုဇုန်က ဓာတုစက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားပြီး မြန်မာအလုပ်သမားနှစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

စက်ရုံပေါက်ကွဲမှုဟာ မတော်တဆ ဖြစ်ပွားတာ ဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် ဓာတုကန် အဖုံးပေါ် ရပ်နေတဲ့ မြန်မာအလုပ်သမားနှစ်ဦး ဓာတုကန်အတွင်းကို ပြုတ်ကျခဲ့ရပါတယ်။ ဓာတုကန်မှာ သံနဲ့အလူမီနီယမ် အရောင်တင်လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းရောနှောရာကန်ဖြစ်ပြီး ခဲနဲ့ ဆာလဖြူရစ်အက်ဆစ်(1830) ပါရှိပါတယ်။

ဘိုသုံးဒေသအုပ်ချုပ်ရေးအာဏာပိုင်တွေက ပြည်သူလူထုကို အခင်းဖြစ်ပွားတဲ့နေရာကို မသွားရန် သတိပေးတားမြစ်ထားပြီး ကျန်းမာရေးသတိပေးချက်တွေကိုလည်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာစက်ရုံကို စုံစမ်းစစ်ဆေးနေပြီး စက်ရုံလုပ်ငန်းများ လုံးဝ ရပ်ဆိုင်းဖို့ အမိန့်ချမှတ်ထားတယ်လို့ သိရပါတယ်။

ပုံစာ – အခင်းဖြစ်ပွားရာစက်ရုံမြင်ကွင်း

Photo – Khaosod

ဆက်စပ် သတင်းများ

Most read