Homeပြည်တွင်းသတင်းသီပေါမြို့ကို TNLA အလုံးစုံသိမ်းပိုက်ပြီး စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်လာ

သီပေါမြို့ကို TNLA အလုံးစုံသိမ်းပိုက်ပြီး စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်လာ

၁၄ အောက်တိုဘာ၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်စခန်း လုံး၀ မရှိတော့ကြောင်း TNLA ပြောရေးဆို ခွင့်ရှိသူ လွေးယေဦးက သတင်းမီဒီယာတွေကို ပြောဆိုထားမှုအရ သိရပါတယ်။

သီပေါမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်ခံတပ်စခန်းဖြစ်တဲ့ ခလရ ၂၃ တပ်ရင်းဌာနချုပ်ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေတပ်တွေက အောက်တိုဘာလ ၁၃ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး သီပေါမြို့နယ်တစ်ခုလုံး စစ်ကောင်စီရဲ့ တပ်စခန်း လုံး၀ မရှိတော့ဘဲ ကင်းစင်သွားပြီလို့ ဆိုပါတယ်။

ခလရ ၂၃ တပ်ရင်းဌာနချုပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပမ်းနဲ့မိသားစု ဝင် ၁၀၀ ကျော် ဖမ်မိးထား ကြောင်း နဲ့တိုက်ပွဲအတွင်းပြန်ခုခံလို့ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိသလို လက်နက်ချသူတွေလည်းရှိ တယ်လို့ သိရပါတယ်။

သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်ရင်း ၃ ခု အခြေစိုက်ထားပြီး စစ်ကောင်စီရဲ့ ခမရ ၅၀၃ တပ်ရင်းနဲ့ ခမရ ၅၀၄ တပ်ရင်းတွေကို TNLA တပ်တွေက စက်တင်ဘာလ ၂၇ ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက်ဆုံး လက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၃ တပ်ရင်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read