Homeပြည်တွင်းသတင်းဈေးဝယ်ပြန်လာတဲ့ မောင်တောဒေသခံ အရပ်သားတွေကို ARSA ခြုံခို ပစ်ခတ်တိုက်ခိုက်

ဈေးဝယ်ပြန်လာတဲ့ မောင်တောဒေသခံ အရပ်သားတွေကို ARSA ခြုံခို ပစ်ခတ်တိုက်ခိုက်

၈ အောက်တိုဘာ၊ ၂၀၂၄

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက် ၊ ညနေ (၄) နာရီ (၁၅) မိနစ်ဝန်းကျင်မှာ မောင်တောမြို့၊ တောင်ပြိုကျေးရွာက အခြေခံစားသောက်ကုန်ပစ္စည်းတွေ ဝယ်ယူပြီး ပြန်လာတဲ့ အရပ်သားကားတစ်စီးကို ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့တွေက ခြုံခို ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ကြေညာသွားပါတယ်။

ကားမောင်းသူ အပါအဝင် အရပ်သား (၆) ဦးပါ ကားတစ်စီးကို ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့တွေက လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် မောင်တောမြို့၊ အောင်မင်္ဂလာကျေးရွာက အသက် (၃၈) နှစ်အရွယ် ဒေါ်ဆန်းဆန်းဦးဟာ ဝဲဖက်နားထင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

တခြားလိုက်ပါလာသူ (၄) ဦးဟာ လက်နက်ငယ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဝမ်းဗိုက်မှာ ပြင်းထန်ဒဏ်ရာရရှိသူ (၁) ဦး နဲ့ ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရရှိသူ (၁) ဦးတို့ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဆေးကုသပေးနေတယ်လို့ ဖော်ပြပါတယ်။

အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားတဲ့ ARSA မူဆလင် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read