Homeပြည်တွင်းသတင်းစစ်တပ်အာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သန်းခွဲကျော်အထိရှိလာ

စစ်တပ်အာဏာသိမ်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း စစ်ဘေးဒုက္ခသည် ခြောက်သန်းခွဲကျော်အထိရှိလာ

၅ အောက်တိုဘာ၊၂၀၂၄

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်ကျော်ကာလအတွင်း အတွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၆.၅ သန်းကျော် ရှိလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အာဏာစသိမ်းခဲ့တဲ့ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့နေရာအနှံ့မှာ တိုက်ပွဲပေါင်း ၁၇,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံရဲ့ မြို့ ခုနစ်ဆယ်ရာခိုင်နှုန်းဟာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန် ခဲ့တဲ့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေဟာ မြို့ ၇၄ မြို့ကို သိမ်းပိုက်ထားသလို စစ်ကောင်စီအနေနဲ့လည်း အရှုံးတွေ ကြုံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။

ဒီသုံးနှစ်ကျော်အတွင်း ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ အရပ်သားတွေကို ကာကွယ်ပေးရေးတို့မှာ ပိုပြီးခက်ခဲလာတယ်လို့လည်း ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုံစာ – ရှမ်းတောင်-ကရင်နီ ဒေသအတွင်းက ရေဘေးသင့် စစ်ဘေးရှောင်များ

Photo – CJ

ဆက်စပ် သတင်းများ

Most read