Homeဆောင်းပါးအထွက်နူန်းကနည်းနည်း ဈေးနူန်းက မြင့်မြင့် အရှေ့တောင်အာရှ ဆန်ပြဿနာ

အထွက်နူန်းကနည်းနည်း ဈေးနူန်းက မြင့်မြင့် အရှေ့တောင်အာရှ ဆန်ပြဿနာ

ဆန်ကို အဓိကစားတဲ့ အရှေ့တောင်အာရှမှာတော့ ဆန်ဈေးကြီးမြင့်မှုရဲ့ နောက်ဆက်တွဲ ဂယက်က ဆင်းရဲတဲ့မိသားစုတွေ အနေနဲ့ ထမင်းလျှော့စားဖို့ တွန်းအားတစ်ခု ဖြစ်လို့ လာနေပါတယ်။ နိုင်ငံတကာ သုတေသီအဖွဲ့ Nature ရဲ့ ၂၀၂၃ မတ်လ အစီရင်ခံစာမှာ လယ်သမားတွေဟာ သူတို့မျိုးစေ့တွေရဲ့ တစ်ဝက်သာရှိတဲ့ အထွက်နူန်းကို ပြန်ရနေတာက အရှေ့တောင်အာရှရဲ့ “စပါးကျီ” ဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုအောက်မှာ ရောက်နေရတဲ့ အကြောင်းရင်းဖြစ်နေပါတယ်။

အရှေ့တောင်အာရှရဲ့ ပျမ်းမျှဆန်အထွက်နှုန်းအားလုံးဟာ ဆယ်စုနှစ်အနည်းငယ်ကြာ မှန်မှန်တိုးလာနေရာက အခုဆိုရင် ဒေသတွင်း ဆန်အဓိကထွက်တဲ့ နိုင်ငံ ခြောက်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အထွက်နှုန်းတွေ တိုးမလာတော့ဘဲ့ ရပ်တန့်သွားတာဟာ ဒီနေ အရှေ့တောင် အာရှနိုင်ငံတွေရဲ့ မိသားစု ထမင်းဝိုင်းတွေ ကို ခြောက်ခြားစေတဲ့ အိပ်မက်ဆိုးတစ်ခု အဖြစ် တံခါးခေါက်နေပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read