Homeပြည်တွင်းသတင်းစစ်ကောင်စီကို တရုတ်ကုမ္ပဏီ AVIC က စစ်လက်နက်ထောက်ပန့်နေတာကိုရပ်ဆိုင်းဖို့ JFM နဲ့ Info Birmanie တောင်းဆို

စစ်ကောင်စီကို တရုတ်ကုမ္ပဏီ AVIC က စစ်လက်နက်ထောက်ပန့်နေတာကိုရပ်ဆိုင်းဖို့ JFM နဲ့ Info Birmanie တောင်းဆို

၁၆ စက်တင်ဘာ၊၂၀၂၂၄

မြန်မာစစ်အုပ်စုက ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ Airbus နဲ့ မိတ်ဖက် တရုတ် ကုမ္ပဏီ AVIC က ကြံရာပါပတ်သက်နေပြီး စစ်လက်နက်ထောက်ပံ့နေတာတွေရှိနေတာကြောင့် ရပ်ဆိုင်းဖို့ Justic for Myanmar (JFM) နဲ့ Info Birmanie တို့က တောင်းဆိုလိုက်ပါတယ်။

Justice For Myanmar နဲ့ Info Birmanie တို့ရဲ့ စုံစမ်းလေ့လာမှုတစ်ခုမှာ Aviation Industry Corporation of China’s (AVIC) က မြန်မာစစ်အုပ်စုထံ လေယာဉ်နဲ့ စစ်လက်နက်တွေ တောက်လျောက်ထောက်ပံ့နေတဲ့ အထောက်အထားတွေကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး မြန်မာ စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာမှာ AVIC က ရောင်းချထောက်ပံ့ထားတဲ့ လေယာဉ်တွေကို အသုံးပြု လျက်ရှိတယ်လို့ Justic for Myanmar (JFM) နဲ့ Info Birmanie တို့က ထောက်ပြထားပါတယ်။

“AIRBUSTED – Airbus ၏ မိတ်ဖက်ကုမ္ပဏီ AVIC က မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ထောက်ပံ့နေမှုနှင့် Airbus လုပ်ဆောင်သင့်သည့်အရာများ” အစီရင်ခံစာတွင် အရပ်သား ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ မဆင်မခြင်လေကြောင်းက ဗုံးကျဲတိုက်ခိုက်ရာမှာ မြန်မာစစ်အုပ်စု အသုံးပြုနေတဲ့ ဂျက်တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်တွေကို AVIC က ရောင်းချထောက်ပံ့ခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ လတ်တလောဝယ်ယူထားတဲ့ FTC 2000G အမျိုးအစား တိုက်ခိုက်ရေး လေယာဉ်နဲ့ ဒုံးကျည်အမျိုးမျိုးရဲ့ အသေးစိတ်အကြောင်း အချက်အလက်အသစ်များလည်း ပါဝင်ကြောင်း၊ AVIC သည် စစ်အုပ်စုအသုံးပြုနေသည့် တရုတ်နိုင်ငံထုတ် ပုံသေတောင်ပံ (fixed-wing) လေယာဉ်များအတွက် ထိန်းသိမ်းပြုပြင်မွမ်းမံရေး ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ်ခြင်း ဖြင့်လည်း မြန်မာ့လေတပ်ကို ကူညီပံ့ပိုးနေတယ်လို့ ဆိုပါတယ်။

ပြင်သစ်လေကြောင်းအာကာသကုမ္ပဏီကြီး Airbus က AVIC ၏ ဟောင်ကောင်မှတ်ပုံတင် ကုမ္ပဏီ Avi China တွင် အဓိကရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံရှိ AVIC ရဲ့ မဟာဗျူဟာမိတ်ဖက်လည်း ဖြစ် ကြောင်း၊ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်ရောင်းချတပ်ဆင်ပေးတဲ့ AVIC ရဲ့ အခန်း ကဏ္ဍမှာ ရှင်းလင်းနေပေမယ့် Airbus ကုမ္ပဏီသည် AVIC နဲ့ မိတ်ဖက်ဆောင်ရွက်မှုကို ဆက်လက်ထားရှိရုံသာမက၊ AVIC ထိန်းချုပ်ထားသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင် ထားကြောင်း၊ AviChina ရဲ့ မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်နဲ့ လက်နက်တွေ လွှဲပြောင်းပေးအပ် ဆက်နွှယ်မှု ကြောင့် အခြားရင်းနှီး မြှုပ်နှံသူတွေ နုတ်ထွက်ဆုတ်ခွါနေစဉ်မှာ ဒီလိုဆက်လက်လုပ် ဆောင်ခြင်း ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ယခုစုံစမ်းလေ့လာမှုမှာ Airbus ရဲ့ အဓိကရှယ်ယာရှင်တွေဖြစ်ကြတဲ့ စပိန်၊ ဂျာမဏီ နဲ့ ပြင်သစ်အစိုးရတွေရဲ့ အများပြည်သူကို ထုတ်ပြန်ချက်တွေနဲ့ လက်တွေ့ဆောင်ရွက်ချက်တွေကြား အထင်းသားဝိရောဓိဖြစ် နေမှုကို လည်း မီးမောင်းထိုးဖော်ပြထားကြောင်း၊ အဆိုပါအစိုးရတွေဟာ မြန်မာစစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို လူသိ ရှင်ကြား ရှုတ်ချခဲ့ပြီး၊ စစ်အုပ်စုထံ လက်နက်စီးဆင်းမှုကို ရပ်တန့်ရေးဆောင်ရွက်ဖို့ ကတိကဝတ်တွေ ပြုခဲ့ကြ ပေမယ့် လက်တွေ့မှာ Airbus နဲ့ AVIC တို့ရဲ့ နောက်ကွယ်မှ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုတွေကို မျက်နှာ လွှဲနှုတ်ဆိတ်နေကြကြောင်း ထောက်ပြထားပါတယ်။

မြန်မာစစ်အုပ်စုနဲ့ ပူပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်တန့်ရေးအတွက် AVIC အား ဖိအားပေးဖို့အတွက် ၎င်းရဲ့ ဩဇာလွှမ်မိုးနိုင်မှုကို ချက်ချင်းအသုံးပြုဖို့ Airbus ကုမ္ပဏီကို Justice For Myanmar နဲ့ Info Birmanie တို့က တောင်းဆိုလိုက်ကြောင်း၊ AVIC က လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက Airbus အနေနဲ့ AVIC ထိန်းချုပ်ထားတဲ့ ကုမ္ပဏီအားလုံးမှ ရင်းနှီးမြှုပ်နှံမှုတွေ ကို တာဝန်ယူမှုရှိစွာဖြင့် ရုတ်သိမ်းရမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

စပိန်၊ ဂျာမဏီနဲ့ ပြင်သစ်အစိုးရတွေအနေနဲ့ Airbus ကုမ္ပဏီကို မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုတွေမှာ ပတ်သက်ဆက်နွှယ်မှုတွေကို ဖြတ်တောက်ရေး ဆောင်ရွက်စေခြင်းဖြင့် မိမိတို့လုပ်ရပ်တွေကို အများပြည်သူကို ထုတ်ပြန်ထားတဲ့ ကတိကဝတ်တွေနဲ့အညီ ဖြစ်စေရမှာ ဖြစ်ကြောင်း ယခုအချိန်သည် တရားမဝင်စစ်အုပ်စုထံ စစ်လက်နက်နဲ့ အထောက်အပံ့တွေ စီးဆင်းမှုကို ရပ်တန့်ရေးအတွက် ပြတ်သားတဲ့ အရေးယူဆောင်ရွက် ချက်များ လုပ်ဆောင်ရမည့်အချိန်ဖြစ်တယ်လို့လည်း JFM ကဆိုပါတယ်။

Photo – JFM

ဆက်စပ် သတင်းများ

Most read