Homeပြည်တွင်းသတင်းကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးမည်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးမည်

၅ စက်တင်ဘာ၊ ၂၀၂၄

လာမယ့် စက်တင်ဘာ ၉ ရက်က အောက်တိုဘာ ၁၁ ရက်ထိ ကျင်းပသွားမဲ့ ၅၇ ကြိမ်မြောက် ပုံမှန် အစည်း အဝေး မှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စက်တင်ဘာ ၄ ရက်က ကြေညာလိုက်ပါတယ်။

အပြန်အလှန် ဆွေးနွေးပွဲပေါင်း ၃၀ ရှိမှာဖြစ်ပြီး မြန်မာ့အရေးက လေးကြိမ်ပါဝင်မှာပါ။

ပုံမှန်အစည်းအဝေး စတင်တဲ့ စက်တင်ဘာ ၉ ရက်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်နဲ့ လူနည်း စုတွေရဲ့ လူ့အခွင့်အရေး အခြေအနေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) နဲ့ ဆွေးနွေးပြီး စက်တင်ဘာ ၂၃ ရက်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ အပြန်အလှန် ဆွေးနွေးမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၅၆ ကြိမ်မြောက် အစည်းအဝေးမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ရခိုင်ပြည်နယ် မောင်တောမြို့တွင်း တိုက်ပွဲတွေနဲ့ဆက်စပ်ပြီး ရိုဟင်ဂျာတွေအရေး စိုးရိမ်တဲ့အကြောင်းနဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ဒေသခံတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖမ်း ဆီးခံခဲ့ရတာတွေကို တင်ပြခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပိုမိုဆိုးရွားစွာ ထိခိုက်ပျက်စီးနေတာကို ကြုံတွေ့နေရတယ်လို့လည်း ပြောခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကျူးလွန်မှုကို ရပ်တန့်ဖို့နဲ့ နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှု အကူ အညီတွေပေးအပ်ဖို့ကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က တိုက်တွန်းခဲ့ပါတယ်။

ပုံစာ – (ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီအစည်းအဝေးမှာ ဦးကျော်မိုးထွန်းတင်ပြစဉ်)

Photo – UN

ဆက်စပ် သတင်းများ

Most read