Homeပြည်တွင်းသတင်းရွှေကျင်မြို့နယ် ကုန်းမြင့်သာယာ စစ်စခန်းကို PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာ စစ်စခန်းကို PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

၂ စက်တင်ဘာ၊ ၂၀၂၄

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်းစစ်စခန်းကို PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာက စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဆိုပါစခန်းကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်း နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၉) ပူးပေါင်း တပ်ဖွဲ့တွေက ဩဂုတ်လ၊ (၃၁)ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်တယ်လို့ ဆိုပါတယ်။

ကုန်းမြင့်သာယာ စစ်စခန်းကို ပူးပေါင်းတပ်ဖွဲတွေက နံနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လယ် (၁၁) နာရီမှာ စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ အတွင်း ရန်သူ့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းများ၊ ဆန်အိတ် (၄၀၀)ကျော် နဲ့ ရိက္ခာအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက် စစ်တပ်မှ အရာရှိ (၁)ဦး အပါအဝင် တပ်သား (၅)ဦးခန့် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဘောကထာ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ စခန်းမှ ရန်သူ့ တပ်ဖွဲ့ဝင်များ ဆုတ်ခွာပြီး ကုန်းမြင့်သာယာရွာ စစ်စခန်းမှာ ရှေ့တန်းစခန်းပြုလုပ်တပ်စွဲထားချိန် ပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံ သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ-(ကုန်းမြင့်သာယာရွာ စစ်စခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ)

Photo – MOD

ဆက်စပ် သတင်းများ

Most read