Homeပြည်တွင်းသတင်းတွန်းဇန်မြို့က CDF-Tonzang တပ်ရင်း (၁) ချိတ်ပိတ်တဲ့အိမ်တွေထဲ CDMer (၅)ဦးရဲ့ နေအိမ်တွေ ပါသွားတဲ့အပေါ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ မြို့နယ်...

တွန်းဇန်မြို့က CDF-Tonzang တပ်ရင်း (၁) ချိတ်ပိတ်တဲ့အိမ်တွေထဲ CDMer (၅)ဦးရဲ့ နေအိမ်တွေ ပါသွားတဲ့အပေါ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ မြို့နယ် CDM ကော်မတီ ကန့်ကွက်

၁၅ ဩဂုတ်၊၂၀၂၄

တွန်းဇန်မြို့သိမ်းတိုက်ပွဲအပြီး တွန်းဇန်မြို့ပေါ်မှာ Chin Land Council အဖွဲ့ဝင် ကာကွယ်ရေး တပ်ဖွဲ့ တစ်ခု ဖြစ်တဲ့ CDF-Tonzang တပ်ရင်း (၁) က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်တွေကို ချိတ်ပိတ်လုပ်ဆောင်တဲ့အထဲ CDMer (၅)ဦးရဲ့ နေအိမ်တွေပါနေတဲ့အတွက် အမြန်ဆုံး ရပ်တန့်ပေးဖို့ တွန်းဇန်မြို့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ မြို့နယ် CDM ကော်မတီအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးတွင် ခိုင်ခိုင်မာမာရပ်တည်တဲ့ ဌာနဆိုင်ရာဝန်ထမ်း CDMer (၅)ဦး ရဲ့ နေအိမ်တွေလည်း ချိတ်ပိတ်ခံရတာကို စိစစ်တွေ့ရှိခဲ့တာကြောင့် ဒီလုပ်ဆောင်ချက်တွေကို တွန်းဇန်မြို့နယ် CDM ကော်မတီမှ လုံးဝ(လုံးဝ) လက်မခံနိုင်ဘူးလို့လည်း ဆိုပါတယ်။

ချိတ်ပိတ်ခံရတဲ့နေအိမ်တွေဟာ တစ်ခြားအဖွဲ့အစည်းတွေကို အားပေးထောက်ပံ့တယ်ဆိုတဲ့ စွပ်ဆွဲချက်နဲ့ နေအိမ်တွေ ချိတ်ခံရတယ်လို့ သိရပြီး ဒီလိုလုပ်ဆောင်တာဟာ အာဏာရှင်စရိုက် နဲ့ မထူးမခြားမင်းမဲ့စရိုက် ပြုမူဆောင်ရွက်ချက်သာဖြစ်ပြီး ဒီမိုကရေစီ တော်လှန်ရေးအတွက် အမဲစက်တစ်ခုဖြစ်တာကြောင့် အမြန် ဆုံးရပ်တန့်ဖို့ အသိပေးတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် CDMer တွေရဲ့ မိသားစုဝင်တွေကို မတရားဖမ်းဆီးကာ မိသားစုဝင်တွေထံမှ မြန်မာငွေ ကျပ်သိန်း (၂၀၀) သို့ (၃၀၀) တောင်းခံခြင်းလုပ်ရပ်တွေကလည်း ဥပဒေဘောင်ကျော်ပြီး မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ် ဖြစ်တာကြောင့် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်လက်ပြီး မတရား သိမ်းဆည်းထားတဲ့ နေအိမ်တွေကို ပိုင်ရှင်တွေထံ အမြန်ဆုံးပြန်လည် ပေးအပ်ဖို့နဲ့ စီဒီအမ်တွေအပေါ် ကျူးလွန်မိတဲ့ ပြစ်ချက်တွေအတွက် တာဝန်ရှိသူတွေက ဒီမိုကရေစီအနှစ်သာရအတိုင်း တာဝန်ယူ တာဝန်ခံမှု အပြည့်အဝ ရှိဖို့ လိုတယ်လို့လည်း တွန်းဇန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တွန်းဇန် မြို့နယ် CDM ကော်မတီက အသိးပေးထားပါတယ်။

ဆက်စပ် သတင်းများ

Most read