Homeပြည်တွင်းသတင်းနေပြည်တော်မှာ အိန္ဒိယသံရုံးဦးဆောင်တဲ့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲကို 7 EAO Alliance တက်ရောက်နေ

နေပြည်တော်မှာ အိန္ဒိယသံရုံးဦးဆောင်တဲ့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲကို 7 EAO Alliance တက်ရောက်နေ

၁၆ ဇူလိုင် ၂၀၂၆ | New Day Myanmar

အိန္ဒိယသံရုံးက စီစဉ်ကျင်းပတဲ့ Constitutionalism and Federalism (ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်) အလုပ်ရုံဆွေးနွေးပွဲကို 7 EAO Alliance အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်နေကြတယ်လို့ 7 EAO Alliance ရဲ့ အသိပေးချက်အရ သိရပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ MGallery Hotel မှာ ဇူလိုင် ၁၆ ရက်ကနေ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူတွေ၊ ဖက်ဒရယ်စနစ် ဘယ်လိုဖွံ့ဖြိုးတိုးတက်လာခဲ့သလဲဆိုတဲ့ အတွေ့အကြုံတွေနဲ့ သက်ဆိုင်ရာအကြောင်းအရာတွေကို လေ့လာဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတက်ရောက်နေတဲ့ 7 EAO Alliance အဖွဲ့ဝင် အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ New Day Myanmar က ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ဗိုလ်မှူးကြီး စောကျော်ညွှန့်ကို ဆက်သွယ်ထားပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

ဓာတ်ပုံ – 7 EAO Alliance

Related News

Most Read