Homeအထူးသတင်းကမ္ဘာ့ဖလားကာလအတွင်း ဘီယာခွန် ယာယီပယ်ဖျက်ပေးဖို့ အီကွေဒေါသမ္မတ ညွှန်ကြား

ကမ္ဘာ့ဖလားကာလအတွင်း ဘီယာခွန် ယာယီပယ်ဖျက်ပေးဖို့ အီကွေဒေါသမ္မတ ညွှန်ကြား

၁၄ ဇွန် ၂၀၂၆ | New Day Myanmar

အီကွေဒေါနိုင်ငံရဲ့ ပထမဆုံး ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ် မတိုင်ခင်မှာပဲ သမ္မတ ဒယ်နီယယ်လ် နိုဘိုအာက ဘီယာအပါအဝင် အယ်လ်ကိုဟော ပါဝင်မှုနည်းတဲ့ အဖျော်ယမကာတွေအပေါ် ကောက်ခံနေတဲ့ အထူးအခွန်ကို ယာယီပယ်ဖျက်ပေးဖို့ ညွှန်ကြားလိုက်တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီကြေညာချက်ကို ဂွါယာစ်ပြည်နယ်မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုအတွင်း သမ္မတ နိုဘိုအာက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေတဲ့ ဇူလိုင် ၁၉ ရက်အထိ အခွန်လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။

သမ္မတ နိုဘိုအာက အီကွေဒေါဟာ ဘောလုံးကို အလွန်နှစ်သက်တဲ့နိုင်ငံဖြစ်ပြီး ပြည်သူတွေဟာ မိတ်ဆွေ၊ မိသားစုတွေနဲ့ စုပေါင်းပြီး ပွဲကြည့်ရတာကို သဘောကျကြတာကြောင့် အခုလို အခွန်ကင်းလွတ်ခွင့်ပေးတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုလို အခွန်ပယ်ဖျက်လိုက်တာကြောင့် အီကွေဒေါနိုင်ငံမှာ လူကြိုက်အများဆုံး ဘီယာအမျိုးအစားတချို့ရဲ့ ဈေးနှုန်းဟာ ၂၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားနိုင်တယ်လို့လည်း သမ္မတက ဆိုပါတယ်။

ဒီအစီအစဉ်ကို ဒေသခံပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ကြိုဆိုခဲ့ကြပြီး အထူးသဖြင့် လုံခြုံရေးပြဿနာတွေကြောင့် စီးပွားရေးထိခိုက်နေတဲ့ စားသောက်ဆိုင်တွေနဲ့ ဘားဆိုင်တွေက ကမ္ဘာ့ဖလားကာလအတွင်း ဝင်ငွေပြန်လည်တိုးလာမယ်လို့ မျှော်လင့်နေကြပါတယ်။

ဒေသခံလုပ်ငန်းရှင်တချို့ကတော့ ဘီယာဈေးနှုန်း ကျဆင်းလာတာကြောင့် ပရိုမိုးရှင်းအစီအစဉ်တွေ ပိုမိုလုပ်ဆောင်နိုင်မှာဖြစ်ပြီး ဖောက်သည်တွေကို ပိုမိုဆွဲဆောင်နိုင်မယ်လို့ ပြောဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး