Homeပြည်တွင်းသတင်းမိတ္ထီလာမှာ ဇနီးမောင်နှံစီးလာတဲ့ ဆိုင်ကယ်နဲ့ ကားတိုက်မှုဖြစ်ပြီး အမျိုးသားဖြစ်သူ သေဆုံး၊ အမျိုးသမီး ဒဏ်ရာပြင်းထန်

မိတ္ထီလာမှာ ဇနီးမောင်နှံစီးလာတဲ့ ဆိုင်ကယ်နဲ့ ကားတိုက်မှုဖြစ်ပြီး အမျိုးသားဖြစ်သူ သေဆုံး၊ အမျိုးသမီး ဒဏ်ရာပြင်းထန်

၁၄ ဇွန် ၂၀၂၆ | New Day Myanmar

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ရွှေမြင်တင်ကန်ဘောင် မီးပွိုင့်လမ်းဆုံမှာ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီး တိုက်မိခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ယာဉ်တိုက်မှုဟာ ဇွန်လ ၁၃ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာတဲ့ ဇနီးမောင်နှံနှစ်ဦးအနက် အမျိုးသားဖြစ်သူဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးဖြစ်သူကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး လက်ရှိမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မျိုးဆက်သစ်မြတ်ပါရမီအသင်းနဲ့ ဟိန္ဒူမျိုးဆက်သစ်အသင်းတို့က မိတ္ထီလာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။

ယာဉ်တိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး