Homeအထူးသတင်းအိမ်ရှင် မက္ကဆီကိုက တောင်အာဖရိကကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ

အိမ်ရှင် မက္ကဆီကိုက တောင်အာဖရိကကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ

၁၂ ဇွန် ၂၀၂၆ | New Day Myanmar

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ ပူးတွဲအိမ်ရှင် မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အုပ်စု (A) မှာ အဖွင့်နိုင်ပွဲ ရယူသွားပါတယ်။

မက္ကဆီကိုစီးတီးမြို့က Azteca Stadium မှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ မက္ကဆီကိုအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၉ မိနစ်မှာ ဂျူလီယန် ကွီနိုနက်စ်နဲ့ ၆၇ မိနစ်မှာ ရာအူးလ် ဂျီမီနက်ဇ်တို့က သွင်းယူပေးခဲ့တာပါ။

အဖွင့်ပွဲဖြစ်ပေမယ့် နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေးကစားခဲ့ကြပြီး ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။ ထိတွေ့မှုတွေ များခဲ့တာကြောင့် ဒိုင်လူကြီးက အနီကတ် ၃ ကတ်နဲ့ အဝါကတ် ၃ ကတ်အထိ ထုတ်ပြခဲ့ရပါတယ်။

မက္ကဆီကိုနောက်ခံလူ မွန်တက်စ်နဲ့ တောင်အာဖရိက ကွင်းလယ်ကစားသမား ယာယာ၊ ဇဝမ်းတို့ဟာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

အုပ်စု (A) မှာ မက္ကဆီကို၊ တောင်အာဖရိက၊ တောင်ကိုရီးယားနဲ့ ချက်အသင်းတို့ ပါဝင်နေပြီး မက္ကဆီကိုကတော့ အဖွင့်ပွဲအနိုင်ရလဒ်နဲ့ အုပ်စုဦးဆောင်နိုင်ဖို့ အခွင့်အရေးကောင်း ရရှိသွားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး