Homeပြည်တွင်းသတင်းအားကောင်းသော အယ်လ်နီညိုဖြစ်စဉ် ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များ သတိပေး

အားကောင်းသော အယ်လ်နီညိုဖြစ်စဉ် ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသပညာရှင်များ သတိပေး

၁ ဇွန် ၂၀၂၆ | New Day Myanmar

အီကွေတာအနီး အပူပိုင်းပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုအခြေအနေတွေကို လေ့လာချက်တွေအရ အယ်လ်နီညို (El Niño) ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေ တွေ့ရှိနေရပြီး ယခုနှစ်ကုန်ပိုင်းမှာ အားကောင်းတဲ့ အယ်လ်နီညိုဖြစ်စဉ်တစ်ခုအဖြစ် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးပြောကြားထားပါတယ်။

နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ နောက်ဆုံးသင်္ချာပုံစံပြု မော်ဒယ်ခန့်မှန်းချက်တွေအရ လက်ရှိမှာ အားအနည်းငယ်ရှိတဲ့ အယ်လ်နီညိုအခြေအနေကို စတင်ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ အားကောင်းတဲ့ အယ်လ်နီညိုအဆင့်သို့ ကူးပြောင်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်တဲ့ သဘာဝရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် ၎င်းရဲ့ သက်ရောက်မှုတွေကြောင့် ကမ္ဘာတစ်ဝန်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြထားပါတယ်။

အယ်လ်နီညိုဖြစ်ပေါ်လာပါက မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မိုးရွာရမယ့်အချိန်မှာ မိုးမရွာခြင်း၊ နေ့အပူချိန်တွေ သိသိသာသာမြင့်တက်လာခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုပုံစံ ပြောင်းလဲခြင်း၊ မိုးခေါင်ရေရှားမှုတွေ ဖြစ်ပွားလာခြင်းနဲ့ သောက်သုံးရေပြတ်လပ်မှုတွေ ကြုံတွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေး၊ ရေသယံဇာတနဲ့ စွမ်းအင်ကဏ္ဍတွေမှာပါ ထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သက်ဆိုင်ရာဌာနတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ လိုအပ်တယ်လို့ သုံးသပ်ထားပါတယ်။

မိုးလေဝသပညာရှင်တွေက ပြည်သူတွေအနေနဲ့ အယ်လ်နီညိုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အနီးကပ်စောင့်ကြည့်ဖို့နဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို အမြဲတမ်းစောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး