၇ မေ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအလယ်ပိုင်းက တိုင်းဒေသကြီးအချို့မှာ လာမယ့် နှစ်ရက်အတွင်း နေ့အပူချိန်တွေ အနည်းငယ်တိုးလာနိုင်တယ်လို့ စစ်တပ်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ မေလ ၇ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာ နေ့အပူချိန်တွေ အနည်းငယ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေတယ်လို့လည်း မိုးဇလက အသိပေးထားပါတယ်။
အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကြိုတင်သတိပြု နေထိုင်သွားလာကြဖို့လည်း အသိပေးထားပါတယ်။


