Homeအထူးသတင်းArtemis II လကမ္ဘာခရီးစဉ်အတွင်း Earthset ပထမဆုံးပုံရိပ်တွေကို NASA မျှဝေ

Artemis II လကမ္ဘာခရီးစဉ်အတွင်း Earthset ပထမဆုံးပုံရိပ်တွေကို NASA မျှဝေ

၇ ဧပြီ ၂၀၂၆ | New Day Myanmar

NASA က Artemis II လကမ္ဘာခရီးစဉ်အတွင်း ရိုက်ကူးထားတဲ့ ပထမဆုံးပုံရိပ်တွေကို မျှဝေခဲ့ပြီး အဲဒီပုံတွေထဲမှာ “ကမ္ဘာမြေဝင်ခြင်း” (Earthset) မြင်ကွင်းလည်း ပါဝင်ပါတယ်။

ဒီပုံဟာ အာကာသယာဉ်မှူးတွေ လကမ္ဘာရဲ့ အနောက်ဖက် (far side) ကို ပျံသန်းနေချိန်မှာ လကမ္ဘာရဲ့ မိုးကုပ်စက်ဝိုင်းနောက်ကို ကမ္ဘာမြေကြီး ပျောက်ကွယ်သွားတဲ့ အချိန်ကို ဖမ်းယူထားတာ ဖြစ်ပါတယ်။

ဒီမြင်ကွင်းဟာ ၁၉၆၈ ခုနှစ်မှာ Apollo 8 ခရီးစဉ်အတွင်း William Anders ရိုက်ကူးခဲ့တဲ့ Earthrise (ကမ္ဘာမြေထွက်ခြင်း) ပုံနဲ့ ဆင်တူတဲ့ သမိုင်းဝင်မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

Artemis II ခရီးစဉ်ဟာ လူလိုက်ပါပြီး လကမ္ဘာအနီး ပျံသန်းမယ့် NASA ရဲ့ နောက်ဆုံး စမ်းသပ်ခရီးစဉ်တစ်ခုဖြစ်ပြီး လူသားတွေကို လပေါ် ပြန်လည်အခြေချဖို့ အရေးကြီးတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး