Homeပြည်တွင်းသတင်းစမ်းချောင်း မြေနီကုန်းတံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချ သေဆုံး

စမ်းချောင်း မြေနီကုန်းတံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချ သေဆုံး

၅ ဧပြီ ၂၀၂၆၊ New Day Myanmar

ဒီကနေ့ ဧပြီ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်မှာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းနှင့် ပြည်လမ်းထောင့် မြေနီကုန်းဂုံးတံတားပေါ်ကနေ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ခုန်ချသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။

အဲဒီအမျိုးသား ခုန်ချသေဆုံးတဲ့နေရာကို အနာဂတ်အလင်းတန်း ပရဟိတအသင်းက လူနာတင်ယာဉ်ဖြင့် သွားရောက်ကြည့်ရှုရာမှာ အသက်သေဆုံးနေပြီဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ရဲကတော့ ဆေးရုံမှာ စစ်ချက်ယူပါလိမ့်မယ်။ ခုန်ချတဲ့အရှိန်နဲ့ ဦးခေါင်းထိပြီး သေတာပါ” လို့ ဆိုပါတယ်။

ရုပ်အလောင်းကို လိုအပ်သည်များ စနစ်တကျ ပြုလုပ်ကူညီပေးပြီး ကြီးလေးကြီး လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အနာဂတ်အလင်းတန်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး