၁၅ မတ် ၂၀၂၆ ၊ New Day Myanmar
မြန်မာ့လက်ရွှေးစင်အသင်းကနေအနား ယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ မောင်မောင်လွင်က သူရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးလာတာဖြစ်ပါတယ်။
ကစားသမားတစ်ဦး စောင့်ထိန်းလိုက်နာရမယ် စည်းကမ်းကျင့်ဝတ်ကို ကျော်လွန် ပြုမူခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကစား သမား မောင်မောင်လွင်ကို ၆လ ပွဲပယ်ပြီး ဒဏ်ကြေး သိန်း ၃၀ ပေးဆောင်ဖို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ချမှတ်လိုက်ပြီးနောက် အခုလိူဆုံးဖြတ်လိုက်တာလို့ သူက မျှဝေထားပါတယ်။
“အကာအကွယ်မရဘူးလို့ ခံစားရတဲ့အ တွက် စိတ်မကောင်းစွာနဲ့ မြန်မာ့လက်ရွှေးစင်အသင်းကနေနားယူဖို့ ဆုံးဖြတ်လိုက် ပါတယ်။”လို့သူက ဆိုပါတယ်။
အဲဒီဆုံးဖြတ်ချက်ကို မောင်မောင်လွင်အနေနဲ့ ညလုံးပေါက်စဉ်းစားပြီးမှ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာလို့ ပြောထားသလို သူ့ဘဝလက်ရှိအသက်ရဲ့ သုံးပုံနှစ်ပုံလောက်ကို ဘောလုံးအတွက် ပြေးလွှားကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။
ဒါအပြင် လူမျိုးရေးခွဲခြားစော်ကားမှုတွေ မိဘတွေကိုပါ ကိုင်ဆဲစော်ကားမှုတွေကို ခံရတဲ့အချိန်မှာ စိတ်ခံစားချက်နဲ့တုံ့ပြန်မိခဲ့တာကြောင့် ၆လ ပွဲကစားခွင့်ပိတ်ခံရတယ်လို့ ဆိုထားပါတယ်။
လွန်ခဲ့တဲ့ မတ်လ ၁၀ရက်နေ့က ကျင်းပခဲ့တဲ့ Yangon United FC နဲ့ Yadanar bon FC အသင်းတို့ရဲ့ပထမပိုင်းပြီးဆုံး ပြီးနောက်မှာ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဟာ ပရိတ်သတ်အမျိုးသမီးကြီးတစ်ဦးကို ကိုယ်ထိလက် ရောက်ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တဲ့အပေါ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။
ဒီဖြစ်ရပ်အပေါ် မောင်မောင်လွင်ဘက် က ရပ်တည်တဲ့ သူအချို့ရှိသလိုဘောလုံးပွဲကြည့်ပရိတ်များရဲ့ဝေဖန်တာတွေကလည်း မြင့်တက်ခဲ့ကာ အမျိုးသမီးတစ်ဦးအပေါ် ဒီလုပ်ရပ်အတွက် အနိုင် ကျင့်ရာရောက်တယ်လို့ အပြန်အလှန်ရေးသားပြောဆိုနေကြတာတွေ့ရပါတယ်။


