၁၃ မတ်၂၀၂၆၊ New Day Myanmar
ကစားသမားတစ်ဦး စောင့်ထိန်းလိုက်နာရမယ် စည်းကမ်းကျင့်ဝတ်ကို ကျော်လွန် ပြုမူခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကစား သ မား မောင်မောင်လွင်ကို ၆လ ပွဲပယ်ပြီး ဒဏ်ကြေး သိန်း၃၀ ပေးဆောင်ဖို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ချမှတ်လိုက်ပြီဖြစ်ပါတယ်။
ဒီပြစ်ဒဏ်ကို MFF စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီက ရုပ်သံမှတ် တမ်းတွေကို ပြန်လည်ကြည့်ရှုပြီး ပြိုင်ပွဲကြီးကြပ်နဲ့ မှတ်တမ်းပုံတွေကို လေ့လာသုံးသပ်ကာ အခုလိုချမှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တာဝန်ကျဒိုင်လူကြီး ဦးကျော်ဇေယျာအောင်ကိုလည်း အနီးစပ်ဆုံး (၃) ပွဲ ပါဝင်ကိုင်တွယ်တာမပြုဖို့နဲ့ ပြိုင်ပွဲကြီး ကြပ်နဲ့ဒိုင်ကြီးကြပ်တို့ကိုပါ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေရဲ့အနီးစပ်ဆုံး ၃ ပွဲ တာဝန်ချထားတာမပြုဖို့ ပြစ်ဒဏ်တွေချ မှတ်လိုက်ပါတယ်။
မတ်လ ၁၀ရက်နေ့က ကျင်းပခဲ့တဲ့ Yangon United FC နဲ့ Yadanar bon FC အသင်းတို့ရဲ့ပထမပိုင်းပြီးဆုံးပြီးနောက်မှာ မြန်မာ့လက်ရွေးစင်အသင်းခေါင်း ဆောင် မောင်မောင်လွင်ဟာ ပရိတ်သတ်အမျိုးသမီးကြီးတစ်ဦးကို ကိုယ်ထိလက် ရောက်ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ် ပွားခဲ့တဲ့အပေါ် ပြစ်ဒဏ်ချမှတ်လိာက်တာဖြစ်ပါတယ်။
မောင်မောင်လွင်ရဲ့ အမျိုးသမီးတစ်ဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့လုပ်ရပ်အတွက် ပရိတ်သတ်များအကြား ရှုတ်ချဝေဖန်တာတွေ များပြားခဲ့ပါတယ်။
ဒီဖြစ်ရပ်အပေါ် မောင်မောင်လွင်ဘက် က ရပ်တည်တဲ့ သူအချို့ရှိသလိုဘောလုံးပွဲကြည့်ပရိတ်များရဲ့ဝေဖန်တာတွေကလည်း မြင့်တက်လာနေပြီး၊ အမျိုးသမီးတစ်ဦးအပေါ် ဒီလုပ်ရပ်အတွက် အနိုင် ကျင့်ရာရောက်တယ်လို့ အပြန်အလှန်ရေးသားပြောဆိုနေကြတာတွေ့ရပါတယ်။


