Homeပြည်တွင်းသတင်းပရိတ်သတ်အမျိုးသမီးကို ပွဲကြည့်စင်ပေါ်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်

ပရိတ်သတ်အမျိုးသမီးကို ပွဲကြည့်စင်ပေါ်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်

၁၂ မတ် ၂၀၂၆၊ New Day Myanmar

ရန်ကုန်တိုင်း၊ သီဟဒီပအားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ Myanmar National League ပွဲစဉ်အတွင်း မြန်မာ့လက်ရွေး စင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဟာ ပရိတ်သတ်အမျိုးသမီးကြီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဘောလုံးအသိုင်းအဝန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီဖြစ်ရပ်ဟာ မတ်လ ၁၀ရက်နေ့က ကျင်း ပခဲ့တဲ့ Yangon United FC နဲ့ Yadanar bon FC အသင်းတို့ရဲ့ပထမပိုင်းပြီးဆုံးပြီးနောက်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း မောင်မောင်လွင်က လဲကျနေတဲ့ အမျိုး သမီးတစ်ဦးကို အပေါ်စီးကနေ စီးပြီး ထိုးကြိတ်မယ့်ဟန်ပြင်နေတဲ့ ဓာတ်ပုံဟာလည်း ပျံ့နှံ့နေပါတယ်။

အဲ့ဒီဖြစ်စဉ်အတွက် မောင်မောင်လွင်ကို မြန်မာနေရှင်နယ်လိဂ်ကော်မတီနဲ့ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က တစ်စုံတရာအရေးယူဆောင်ရွက်မယ်ဆိုတဲ့ သတိ ပေးထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

“အမည်ခံ ပရိသတ်ဆိုသူတွေကြောင့် ရိုးရာလက်ဝှေ့မှာလည်း ကစားသမားအချို့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့အ တူ နားသွားကြရပြီ၊ အခုလည်း ဘောလုံးသမား ဂေါ်ရခါးဗုဒ္ဓဘာသာဝင် ညီငယ် မောင်မောင်လွင်ကို K လားဆိုပြီး လူမျိုး ရေးစော်ကားကာ ရက်ရက်စက်စက် ပြောဆို နှိမ့်ချခဲ့တဲ့အတွက် အကြောင်းကြောင့် အကျိုးဖြစ်လာတာ”လို့ လည်း ရေးသားမျှဝေနေတာတွေ့ရပါတယ်။

#အမျိုးသမီး

#ပွဲကြည့်စင်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး