၃ မတ်လ ၂၀၂၆ ၊ New Day Myanmar
စစ်ကောင်စီရဲ့ လွတ်ငြိမ်းစာရင်းမှာ နာ မည်ပါပေမယ့် မလွတ်လာသေးသူတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဆိုပါတယ်။
စစ်ကောင်စီဟာ မနေ့က မတ်လ ၂ ရက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အကျဉ်းကျနေသူ ၇၃၃၇ ဦးကို လွှတ်ပေးလိုက်တယ်လို့ ကြေညာထားပေ
မယ့် လက်ရှိမှာ ၃၆၁၃ ဦးသာ ရှိသေးတယ်လို့ အသိပေးလာတာဖြစ်ပါတယ်။
ဒီအရေအတွက်ဟာ စစ်ကောင်စီ ကြေညယထားသလိုမဟုတ်ဘဲ မြန်မာနိုင်ငံအ ကျဉ်းထောင် ၃၁ ခုကနေ အကျဥ်းသား ထက်ဝက်ခန့်သာ လွတ်မြောက်လာသေးတယ်လို့ PPNM ရဲ့ဖော်ပြချက်အပေါ် New Day Myanmar က နားလည်ထားပါတယ်။
PPNM ၏ စာရင်းများအရ နိုင်ငံအနှံ့ အကျဉ်းထောင် ၃၁ ခုကနေ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာခဲ့ပြီး အိုးဘိုထောင်က ၉၃၂ ဦးနဲ့ အများဆုံး၊ မကွေးထောင်က ၃၃၉ ဦး၊ တောင်လေးလုံးထောင်က ၂၈၄ ဦး၊ ဒိုက်ဦးထောင်က ၂၃၉ ဦးတို့ လွတ်မြောက်လာကာ ရန်ကုန်အင်းစိန်ထောင်က ၁၈ ဦးသာ ပါဝင်ခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။
ဒီကနေ့ မတ်လ ၃ ရက် မွန်းလွှဲပိုင်းအချိန်အထိ စောင့်ကြည့်နေပြီး လွတ်မြောက်သူအရေအတွက် အသေးစိတ်နဲ့ နောက်ဆုံးရရှိတဲ့အချက်အလက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံ-PPNM


