Homeပြည်တွင်းသတင်းပဲခူး ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း ဆောက်လုပ်ဆဲအုတ်ရိုးပြိုကျ၊ အလုပ်သမားတစ်ဦး သေဆုံး

ပဲခူး ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း ဆောက်လုပ်ဆဲအုတ်ရိုးပြိုကျ၊ အလုပ်သမားတစ်ဦး သေဆုံး

၃ ဖေဖော်ဝါရီ ၂၀၂၅

ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း ဆောက်လုပ်ဆဲအုတ်ရိုး ပြိုကျမှုကြောင့် အလုပ်သမားတစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး အခြားအလုပ်သမား ၃ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ တိုင်းမီးသတ်ဦးစီးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့သူဟာ အသက် ၂၅ နှစ်အရွယ် ကိုဇော်ပိုင် ဖြစ်ပြီး ခရမ်းသုံးခွဇာတိ ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့သူတွေကတော့ ကိုပိုင်ဦး၊ ကိုအောင်ဌေး၊ ကိုအောင်လင်းခိုင် ဆိုသူတွေဖြစ်ပြီး သူတို့ကို ပဲခူးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာအောက်ခြေမှာ ရေမြောင်း နက်နက်ရှိတာကြောင့် အုတ်ရိုးပြိုကျချိန် အလုပ်သမားတွေ ရေမြောင်းအတွင်း ပြုတ်ကျခဲ့ကြတာဖြစ်ပြီး၊ ကိုဇော်ပိုင်ဟာ ရေမြောင်းအတွင်း အုတ်ရိုးပိမိကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူ ၃ ဦးအနက် တစ်ဦးမှာ ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ပြီး ကျန် ၂ ဦးကတော့ ပွန်းပဲ့ဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေစဉ် အုတ်ရိုးတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ရာကနေ အောက်ခြေရေမြောင်းထဲကို လူတွေ ပြုတ်ကျကာ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး