၂၇ ဇန်နဝါရီ ၂၀၂၆
အသစ်တက်လာမယ့်အစိုးရဟာ ပြည်သူတွေ ကြိုးကြိုးစားစား မဲမပေးဘဲ No vote လုပ်လိုက်ကြောင့် ရွေးကောက်တင် မြှောက်ခံလိုက်ရတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီကို ရည်ညွှန်းသဘောဆောင်တဲ့စာကို VV Chen က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားပါတယ်။
အဲဒီစာကို ဒီကနေ့ ဇန်နဝါဝါရီ ၂၇ ရက်မှာ ရေးသားမျှဝေထားတာဖြစ်ပြီး ၊ပြည်သူ လူထု လိုလိုလားလားရွေးချယ်ခဲ့တဲ့ No vote မဲမပေးခြင်းရဲ့ ရလဒ်ဘဲဖြစ်တယ်လိုဆိုပါတယ်။
“အခုဆိုရင်တော့ ပြည်သူလူထုဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ။ တက်လာမယ့် အစိုးရသစ်လက်ထက်မှာတော့ အခုလက်ရှိအခြေအနေထက်တော့ ပိုမိုကောင်းမွန်လာတာတွေရှိလာမှာ အမှန်ဖြစ်ပါတယ်။ လက်ရှိအခြေအနေထက် ပိုဆိုးလာစရာအကြောင်းတော့မရှိပါဘူး။
ဘာလို့လဲဆိုတော့ သန်းခေါင်ထက်တော့ ညဉ့်မနက်နိုင်တော့ပါဘူး။ “လို့ ဆိုထားပါတယ်။
ဒါအပြင် နောင်လာမယ့်ရွေးကောက်ပွဲမှာ အခုတစ်ကြိမ်လိုပဲ ရွေးကောက်ပွဲကို No vote ထပ်လုပ်ကြပြီး ၊ အခုတက်လာမယ့် အစိုးရအဖွဲ့အစည်းကိုပဲ ပြည်သူလူထုတွေ က နောက်ထပ်တစ်ကြိမ် ရွေး ကောက်တင်မြှောက်ကြမလားဆိုတာကတော့ ပြည်သူလူထုတွေရဲ့ရွေးချယ်မှုပေါ်မှာ မူတည်တယ် လို့ဆိုပါတယ်။
သူမဟာ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ လှိုင်သာယာမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်အရွေးခံခဲ့တာဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါတယ်။


